ကားသံကြား၍ ထွက်ကြည့်လိုက်သောအခါ
Nam joon Hyung နှင့် Tae ဖြစ်နေ၏။တကယ်ကိုညနေမှ အိမ်ပြန်ရောက်လာတာပဲ။
Nam joon Hyung ကသူ့ကို မြင်တာနဲ့
ပါးတွေအားဆွဲညစ်တော့သည်။
ဒါ Hyung လုပ်နေကျ အပြုအမူပဲလေ။ထယ်နဲ့တော့ သူသေသေချာချာ
ရင်မဆိုင်ရသေး။ထယ့်စေတနာတွေကို
သူပစ်ပစ်ခါခါ ပေါက်ကွဲဖူးသည်မဟုတ်လား။ထိုစဥ်ထယ်သည် သူ့လက်ကောက်ဝတ်ကို
လှမ်းဆွဲလိုက်၏။"လာလေ ငါ့အခန်းထဲသွားရအောင်။
ပြောစရာစကားတွေအများကြီးရှိနေမှာပေါ့"ခပ်တည်တည်ဖြင့်တစ်ခွန်းချင်းပြောကာ
ထွက်သွားသော ထယ့်နောက်ကို
သူလိုက်သွားမိပါသည်။အခန်းထဲရောက်သည့်အခါ ထယ်သည်
အပေါ်အင်္ကျီကို ချွတ်လိုက်၏။ထို့နောက်"ထိုင် jimin "
"ငါတောင်းပန်တယ်နော် TaeHyung "
"မတောင်းပန်ပါနဲ့ တောင်းပန်စကားကို
ငါမလိုချင်ဘူး။ငါသိချင်တာတစ်ခုပဲ။
jin Hyung မိတ်ဆက်ပေးပြီးလို့ သိသွားတဲ့အချိန်ကနေ အခုအထိ သူမင်းအပေါ်
ဘယ်လိုဆက်ဆံသလဲ ငါ့ကိုပြောပြပေး"ထယ်မေးလိုက်မှ လီဟန်ချောနဲ့.ပက်သက်ပြီး အစအဆုံး အသေးစိတ်ပြန်တွေးရသည်။
အရာအားလုံးကပုံမှန်ပါပဲ။ဘာမှမထူးခြား။
ထူးခြားသည်က အဲ့ဒီညက ထယ်ပို့ပေးသော
Screenshot တစ်ခုရယ်။နောက်ပြီး ဒီအစီအစဥ်မှာသူပါဝင်ဖြစ်အောင်
လီဟန်ချော ကတောင်းဆိုခဲ့ခြင်းရယ်။Lee Han Chaw ရဲ့ဖုန်းကWallpaperသည်
သူ့ပုံ ဆိုတာရယ်။ထိုအကြောင်းတရားတွေ ကိုအရှင်းမသိခဲ့ဘဲ
ထယ်နှင့်တောင်စကားများလိုက်သေး၏။ဆင်ဆင်ခြင်ခြင်နေနော် တဲ့။
ထယ်ရဲ့သတိပေးစကားဟာ မျက်နှာကိုရေနွေးပူနဲ့ ပက်ဖြန်းလိုက်သလိုပါ။
"အဲ့ဒီလူမင်းအပေါ်မရိုးသားဘူး"
လို့ပြောချလိုက်တဲ့ထယ့်ကြောင့် ဒေါသထွက်ခဲ့ရသော ညဟာ သိပ်ကို အကျဥ်းတန်စွာ။
YOU ARE READING
Coral Conflict