Part-3(Unicode)

2.1K 279 19
                                    

တမင်တကာချိန်းဆို ထားသလို အချိန်ကိုက် ရွာချလိုက်သည့်မိုးကြောင့်
Kim TaeHyung အနီးနား၌ ရှိ ခဲတစ်လုံးကို အငြိုးနှင့်ကန်လိုက်သည်။

နိုဝင်ဘာမိုးဟာ တကယ့်ကိုကြောင်တောင်တောင်ရယ်။

"ဒါကြောင့်လူကြီးတွေပြောကြတာ သူခိုးနဲ့မိုး အစိုးမရဘူးတဲ့''

ဟုတ်သော်ရှိမဟုတ်သော်ရှိ သူစိတ်ထဲပေါ်လာတာကို ရေရွတ်မိသည်။မှားချင်လည်းမှားပေါ့။သူတို့ဟာ ဒီလိုပဲပေါက်တက်ကရတွေလျှောက်ပြောနေကျပဲကို။

မျက်နှာလှလှလေးပေါ်၌လာစင်နေသည့်
မိုး​ရေစ တွေကို သူမဖယ်ရှားမိ။
အေးစက်စက်အထိအတွေ့တွေကို
သည်အတိုင်းခံစားနေလိုက်သည်။

ဘာကြောင့်မှန်းမသိပေမယ့်
သူတို့အားလုံး အရင်လိုမပျော်ကြတော့တာကြာပြီမလား။မိုးရေစက်တွေကြောင့် သူ့ စိတ်လေး ခဏတဖြုတ် အေးချမ်းသွားရရင်ကို ဖျားရကျိုးနပ်လောက်ပါသည်။

လက်ထဲ၌ ကိုင်ထားသည့် အာလူးကြော်ထုတ်တွေနှင့် Banana Milk တွေကိုငုံ့ကြည့်ရင်း သူ ပြုံးလိုက်သည်။
ဒါတွေဟာ ဒီညအတွက် သူနဲ့ အငယ်ကောင် Game ဆော့ရင်းစားဖို့ ညစာတဲ့လေ။

တကယ်​တော့ အဆိုရောအကပါပြည့်စုံအောင်လေ့ကျင့်ရသည်မို့သိပ်ကိုပင်ပန်း၏။
ဒါ့အပြင် idol တွေရဲ့ စံနှုန်းရဖို့ diet plan တွေလည်းလုပ်ရတာကြောင့်
ထမင်းကိုလည်း ဟုတ်တိပက်တိမစားနိုင်။

ဟိုနည်းနည်းသည်နည်းနည်းနှင့်ဗိုက်ထဲအစာဝင်ရုံစားပြီး ပျော်အောင်နေကြရသည်။

Jin Hyung ကတော့ အစားကို အချိန်နဲ့မစားလို့၊အိပ်ချိန်တွေမှာ Game ထိုင်ဆော့နေကြလို့ဆိုပြီးဆူတက်သည်။

ထမင်းစားချိန်မှာ ဒီလို ပေါက်ကရတွေစားပြီဆို jin Hyung ကမကြိုက်ပါ။
အထူးသဖြင့် အာလူးကြော်လိုအစားအစာမျိုး
တွေဟာကယ်လိုရီများတာတွေကြောင့် diet လုပ်ရာမှာ ထိခိုက်မှုရှိမည်ကို
hyung ကစိုးရိမ်ပါသည်။

တစ်ခုမဟုတ်တစ်ခု လုပ်ကျွေးပြီး
ပေါက်ကရတွေမစားဖို့လည်း ဆုံးမတက်
သော်လည်း သူနဲ့ JungKookကအငယ်ဆုံးတွေပီပီ တလွဲတချော်လေးလုပ်ပြီးဆိုးပေးလိုက်ရမှ။ဥပမာ Jin hyung မသိတဲ့အချိန်မှာ အာလူးကြော်ခိုးဝယ်စားတာမျိုး။ညလုံးပေါက်နီးပါး
ဂိမ်းပြိုင်တော့ကြတာမျိုးပေါ့......။

Coral Conflict  Where stories live. Discover now