Part -15(Unicode)

1.4K 221 40
                                    

ကျေးငှက်တို့၏ ကျီကျီကျာကျာ အော်မြည်သံကြောင့်မနက်ခင်းတစ်ခုဟာ သာယာနာပျော်ဖွယ် ရှိလှ၏။

ထိုအသံလေးများနှင့်အတူ Jimin တစ်ယောက် လန်းဆန်းစွာ နိုးလာရသည်။

ညဘက်တွေမှာစောစော အိပ်ပြီး မနက်
မိုး​သောက်၌ထတတ်သွားသည်မို့
ဒီခရီးတွင်
ပါဝင်ရတာကတော့ အကျိုးရှိသည်။

ဒါ့အပြင် ဒေသန္တရ ဗဟုသုတတွေလည်းအများကြီးရသည်။

လူသူမရှိသောတောထဲမှာ ဘယ်လိုနေထိုင်ရှင်သန်ရမလဲဆိုတဲ့ အသိပညာတွေအပြင် လူမှုပေါင်းသင်းဆက်ဆံရေးနဲ့ ကိုယ့်ကိုယ်ကို အားကိုးချင်စိတ်တွေပိုလို့ဖြစ်ပေါ်လာရသည်။တကယ်မဆိုးဘူးပဲ။

ကံကောင်းသည်က တောနက်ထဲမဟုတ်ဘဲ
အနီးနားတွင် ရွာငယ်လေးများရှိသည့်
တောအုပ်ငယ်လေးဖြစ်နေခြင်း။

ထို့ကြောင့် ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ
ကောင်းမွန်စွာ အသုံးပြုနိုင်သည်။

ထိခိုက်ထားသည့်ခြေထောက်ကလည်း တော်တော်လေးသက်သာနေသည်မို့ jimin ကောင်းကောင်းသွားလာလှုပ်ရှားနိုင်နေပြီဖြစ်သည်။

အိပ်ယာမှထကာ မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီး အတူရိုက်ကူးနေတဲ့ အဖွဲ့သားတွေစားဖို့ မနက်စာပြင်ပေးရန် စီစဥ်လိုက်သည်။

သူခြေထောက်ထိထားတုန်းက အကုန်လုံးက ဂရုစိုက်ပေးခဲ့ကြတာလေ။အနေရခက်မှာစိုးလို့ မ​ငြိုမငြင် အကုန်ဝိုင်းကူလုပ်ပေးခဲ့ကြတာ။

အခုသူသက်သာလာပြီဆိုတော့ တတ်နိုင်သလောက်လေး ပြန်ကူညီပေးချင်ပါသည်။

"Jimin na အစောကြီးနိုးနေတာလား''

Jimin နဲ့ အသက်တူတူလည်းဖြစ် idol လည်းဖြစ်တဲ့ Taemin က ခုမှအိပ်ရာနိုးလာပုံပင်။မနက်စာပြင်နေတဲ့သူ့အနားလာရပ်ရင်း မေးလာသည်။

"ဟုတ်တယ် Taemin na စောစောနိုးနေတာနဲ့ အကုန်လုံးအတွက်မနက်စာပြင်ပေးမလို့လေ။ငါခြေထောက်ထိထားတုန်းက အကုန်လုံးကဝိုင်းကူညီပေးခဲ့ကြတာဆိုတော့ ငါတတ်နိုင်သလောက်လေး ပြန်ကူညီပေးချင်လို့''

"ဟုတ်ပါပြီ ငါခနနေလာကူပေးမယ်။လူကများတော့ မင်းတစ်ယောက်ထဲမနိုင်မှာစိုးလို့''

Coral Conflict  Where stories live. Discover now