"Hyung မှာ ပြောစရာ ရှိလို့ Jimin အချိန်ရရင် ဖုန်းပြန်ခေါ်ပေးနော်"
အလုပ်ကပြန်လာလာချင်း ဝင်နေသည့် SMS
ကြောင့် Jimin ပင့်သက်ရှိူက်လိုက်သည်။
အဆိုးထဲက အကောင်းဟုပင် ပြောရမလား။
Han Chaw Hyung တစ်ယောက်
အများကြီးပြောင်းလဲသွားခဲ့လေပြီ။အရင်လို ဂျစ်တိုက်တာမျိုးသိပ်မရှိတော့။အိမ်ရှေ့ကိုလည်း ညတိုင်းနီးပါး
ရောက်မလာတော့ပေ။တစ်ပတ်တစ်ခါ မှသည် အခုဆို တစ်လလုံးနေလို့ ၂ခေါက်လောက်သာ ရောက်လာ၏။ရောက်လာလျှင်လည်း ရောက်နေကြောင်း
SMS သာပို့၍
သူစိတ်ရှုပ်အောင်ဘာမှမလုပ်ပါ။လောလောဆယ်တော့ ပင်ပန်းနေ၍ ချက်ချင်းဖုန်းမခေါ်နိုင်သေး။သူခဏလောက်အိပ်ချင်နေသည်။စိတ်မောလူမောနှင့် တစ်ကိုယ်လုံးလည်းညောင်းညာနေပြီဖြစ်၏။
ထိုစဥ်"ကျွန်တော့ဖုန်း Hyung အိတ်ထဲ
ပါသွားသေးလား "အခန်းထဲဝင်လာသော Jungkook ၏အမေးကြောင့် ကုတင်ပေါ်မှထ၍ သူ့အသုံးအဆောင်ပစ္စည်းအိတ်ကိုဇစ်ဖွင့်၍ ရှာပေးလိုက်သည်။
"မတွေ့ဘူး ကလေး ကိုယ့်ဖုန်းနဲ့ခေါ်ကြည့်လိုက်ပါလား "
"ဟုတ်ကဲ့ Hyung "
Jungkook သည်သူ့ဖုန်းကိုယူကာ
အခန်းအပြင်သို့ထွက်သွားပြီး သူကတော့ ရေမိုးချိုးရန်ပြင်ဆင်လိုက်သည်။ညနေစောင်းမို့ အိပ်မိလျှင်ဖျားနာမှာကိုစိုးရ၏။
ညစာစားပြီးမှပဲ
အိပ်ယာစောစောဝင်တော့မည်။ရေချိူးခန်းမှ ထွက်လာသောအခါကလေးငယ်သည် သူ့ကုတင်ပေါ်တွင် Game ထိုင်ဆော့နေလေ၏။
"ဖုန်းတွေ့လား ကလေး "
"အင်း တွေ့တယ် "
"ရေချိုးတော့မလား ညနေဘာနဲ့စားချင်လဲ "
"မချိုးသေးဘူး Hyung ။ညစာကိုထွေထွေထူးထူးမလုပ်နဲ့။ ရှိတာနဲ့ပဲစားလိုက်မယ်။Hyung လည်း ပင်ပန်းနေတာ "
"အင်းပါ နောက်နေ့ကျ ကိုယ်အရသာရှိတာတွေချက်ကျွေးပါ့မယ် "
"အဝတ်လဲပြီးရင် ကျွန်တော့အနားလာအုံး "
"အင်းအင်း "
အဝတ်အစားလဲပြီးသည့်အခါ၌ Jungkook
အနားသို့သွားထိုင်လိုက်သည်။
YOU ARE READING
Coral Conflict