Part-9(Unicode)

1.4K 241 45
                                    

တော်တော်လေးမိုးချုပ်နေသည့်အပြင်
ပန်းခြံအဟောင်းဖြစ်တာကြောင့်
ခုံတန်းငယ်မှာ Kim Nam joon နှင့်
Kim TaeHyung နှစ်ယောက်တည်း...။

ညသည်မိုးမရွာသော်လည်းအေးစိမ့်နေ၏။လသာတဲ့ညဆို အခုလိုပဲအေးနေ
တတ်တယ်ထင်ပါရဲ့...။

"ဘယ်သူတော့မှန်တယ် ဘယ်သူကတော့မှားတယ်ဆိုပြီး Hyung မသတ်မှတ်ဘူး။
ဘာမှမဟုတ်တဲ့ကိစ္စလေးနဲ့ရန်ဖြစ်တယ်
ဆိုကတည်းက
နှစ်ယောက်စလုံးမှားနေတာပဲ ထယ်"

ဆူလောက်မည်ဟုထင်ထားပါသော်လည်း
ခပ်အေးအေးဖြင့်သာပြောနေသော Nam joon Hyung ကြောင့် TaeHyungစိတ်ထဲ အနည်းငယ်
ပေါ့ပါးသွားသည်။ ထို့နောက်

"နှစ်ယောက်စလုံးမှားတာ ကျွန်တော်သိပါတယ် Hyung ။ဒါပေမယ့်ဗျာ ကျွန်တော့အတွက်ဝယ်တာ အသိအသာကြီးကို
သူကဘာလို့ ဘုကလန့်စကားတွေ
လာပြောလဲ"

"ထယ့်အတွက် ဝယ်လာတာထယ်သိရင်တော်ပြီပေါ့၊ထယ်အပေါ်သူမေတ္တာထားမှန်းသိရင်
ထယ့်ဘက်က တစ်ထစ်လောက်ဖြစ်ဖြစ်
လျှော့သင့်တာပေါ့ မဟုတ်ဘူးလား"

"ကျွန်တော့ဘက်ကစမခေါ်ချင်ဘူး Hyung။
ကျွန်တော်ပြန်ခေါ်ရမှာရှက်နေတယ်"

"ဘယ်လိုရယ်"

"ဟုတ်တယ် Hyung ကျွန်တော်ရှက်တယ်
ပြီးတော့ သူကအကြီးပဲသူအရင်လျှော့ပေါ့"

"ကလေးတွေကခက်လိုက်တာကွာ။
ဒီမှာထယ်....Park jimin ကလေ
စိတ်နှစ်ခုအပြိုင်ဖြစ်နေတဲ့သူမျိုးပဲ။
သူချစ်မြတ်နိုးရတဲ့အရာတွေကိုဆုံးရှူံးရမှာသိပ်ကြောက်တယ်။
အဲ့အတွက်အစစအရာရာအနစ်နာခံလိမ့်မယ်။အစွမ်းကုန်ပေးဆပ်လိမ့်မယ်။

နောက်ထပ်စိတ်တစ်ခုက
သွေးအေးအေးနဲ့ကြောက်စရာကောင်းတယ်။

Park jimin ရဲ့အားသာချက်က ဘယ်သူ့ကိုမှကိုယ်ထိလက်ရောက်မပြုမူဘဲ ပြုံးပြုံးလေးနဲ့
လျစ်လျူရှူ့တက်တာပဲထယ်"

အခု ထယ့်ကို jimin ပစ်ထားတော့ထယ်ခံစားရတယ်မဟုတ်လား"

Kim Nam joon ၏စကားကို TaeHyung အနည်းငယ်စဥ်းစားသွားပုံရသည်။
မျက်ခုံးနှစ်ဖက်တွန့်ကွေးသွားတာဟာ
နှစ်ပတ်တာအခြေအနေကိုသူ့ဘာသာမေးခွန်းထုတ်နေတဲ့အပြုအမူမျိုး။စက္ကန့်အနည်းငယ်လွန်မြောက်ပြီးကာမှ

Coral Conflict  Where stories live. Discover now