Part-18(Unicode)

1.7K 241 89
                                    

ည ၁၁နာရီ ၄၅မိနစ်။
အခန်းတံခါးခေါက်သံကြားသောကြောင့် သူအသည်းအသန်ကုန်းရုန်းထလိုက်သည်။
တံခါးဖွင့်ပြီးသည့်နောက်

"Hyung "

"အင်း Hyung အခုပဲပြန်ရောက်တယ်။အငယ် ထမင်းလည်းထွက်မစားဘူးဆို "

"ကျွန်တော် စားချင်စိတ်မရှိလို့ပါ"

"တစ်ခုခု ဖြစ်နေတယ်မဟုတ်လား"

သူ့ပုံစံကဘယ်လောက်တောင်ဖရိုဖရဲဆန်သွားသလဲဆိုရင် V Hyung ကတောင် စိုးရိမ်တကြီးမေးခွန်းထုတ်လာရသည်အထိ။သူဆီဘာလို့ရောက်လာသလဲမေးချင်
ပေမယ့်တကယ်တမ်းမမေးဖြစ်ပေ။Twitterက သတင်းတွေနဲ့ပက်သက်ပြီးစကားပြောချင်လို့များလား။ထမင်းမစားလို့ လာနှိူးရုံသက်သက်တော့မဖြစ်နိုင်။ညနက်သန်းခေါင်ဖြစ်နေပြီလေ။
သူ့ရင်ထဲ၌မေးခွန်းတစ်ချိူ့ရှိနေသည်။သို့သော် လက်တွေ့မှာတော့ V Hyung ကသာ ဒုတိယမြောက်မေးခွန်းကိုထပ်ထုတ်၏။

"​ပြောစမ်း ဘယ်သူဘာလုပ်လို့လဲ
Hyung ကိုပြော "

"ဘာမှမဖြစ်ပါဘူး Hyung ရယ်"

အသက်မပါတဲ့အပြုံးတစ်ခုကို ခက်ခက်ခဲခဲ
ဆင်မြန်ထားရင်း ဆံပင်တွေကြားလက်ကို
ထည့်လို့ဖွသည်။ခေါင်းမခြောက်ဘဲ
ကြာကြာနေမိရင် နားထင်တွေထိုးကိုက်တက်တာသူ့အကျင့်။ဒါကြောင့် jiminshi က
ခေါင်းလျှော်တိုင်းခေါင်းသုတ်ပေးနေကျ။
နေ့တိုင်းနီးပါးမှာတစ်ချို့သော ဝေဒနာတွေက Jiminshiကြောင့် သက်သာခဲ့ရဖူးသည်။
အခုတော့.....။

"လက်က ဘာဖြစ်တာ လဲအငယ် "

"ဒီလိုပါပဲ Hyung "

မရေမရာအဖြေတွေကြား V Hyung လည်းစိတ်ညစ်သွားပုံရသည်။

"Jeon Jungkook အဲ့လိုပုံစံတွေမနေစမ်းနဲ့ကွာ။မြင်ရတွေ့ရတာအဆင်မပြေဘူး။
ဘာတွေဘယ်လိုပဲရှုပ်ထွေးရှုပ်ထွေး အားလုံးအတူတူဖြေရှင်းလိုက်ရင် မရှင်းလင်းဘူးဆိုတဲ့အရာဆိုတာမရှိဘူး။အဲ့ဒါကြောင့်
ဘာဖြစ်နေလဲပြောပြစမ်းပါ "

ကုတင်ကို အမှီသဟဲပြုထိုင်ချရင်း Jungkook
မျက်လုံးတွေ မှိတ်ပစ်လိုက်သည်။

"ကိုယ့်ကိုယ်ကိုတောင်ဘာဖြစ်နေမမှန်းမသိလို့ Hyung ကိုမေးချင်​နေတာ။ကျွန်တော်ဘာဖြစ်နေတာ​​လဲ​ဆိုပြီးတော့လေ"

Coral Conflict  Where stories live. Discover now