Part-13(Unicode)

1.5K 226 47
                                    

"ဒါဖြင့် jimin ဘယ်လိုလုပ်ချင်လဲ"

တိုင်ပင်တာကသူဆိုပေမယ့်
သူ့ဆန္ဒကိုပါထည့်သွင်စဥ်းစားပေးသည်မို့
jin Hyung သည်အစ်ကိုအကြီးဆုံး
ပီသပါသည်။

"ကျွန်တော်က Hyungပေးတဲ့အကြံညဏ်ပေါ်
မူတည်ပြီး ဆုံးဖြတ်မလားလို့"

သူ့စကားကြောင့် Jin Hyung ကခေတ္တစဥ်းစားဟန်ဖြင့် ဝရံတာ လက်တန်းကို
လက်ချောင်း ထိပ်လေးများနှင့်ခေါက်သည်။

"Hyung ကတော့ အတွေ့အကြုံရမဲ့ခရီးမို့
သွားစေချင်တယ်။ ဒါပေမယ့် Hyung တို့
မျက်ကွယ်ကိုတစ်ယောက်ထဲလွှတ်ပေးရဖို့တွေးမိတော့လည်းစိတ်မချပြန်ဘူး။
အရွယ်ရောက်ပြီးသား ယောက်ျား
တစ်ယောက်ဆိုပေမယ့်လို့ပေါ့"

"နယ်ပယ်အစုံက ဒိတ်ဒိတ်ကြဲတွေချည်းမို့
ကျွန်တော်လည်းစိတ်အိုက်နေတာ"

"ငါ့ညီကရော ဒိတ်ဒိတ်ကြဲမဟုတ်လို့လား။
Park jimin ရဲ့အရှိန်အဝါကိုလျော့တွက်လို့"

အပြင်ဘက်ဆီငေးနေ ရုံကလွဲ ပြီး
jin Hyung ကို
သူ့မှာချေပစရာစကားလုံးမရှိပေ။
မျက်လုံးချင်းမဆုံတာက Jin Hyung ကို
မလေးစားလို့တော့မဟုတ်။
ချီးကျူးခံရတိုင်းမှာမနေတက်လှစွာ
သူ ဒီလိုရှောင်လွှဲနေကြမို့ပါ။

"ဟန်ချော လည်းပါမယ်ဆိုတော့ Hyung စိတ်ချပေးလိုက်ပါ့မယ်"

ဒီတစ်ကြိမ်တွင်တော့ ဆည်းဆာနေရောင်အောက်မှာ
လှလှပပခန့်ငြားငြားရပ်နေသည့်Jin Hyung ကိုသူမျက်နှာချင်းဆိုင်လိုက်ပါ၏။

"အဲ့ဒါဆိုကျွန်တော်လက်ခံလိုက်
တော့မယ် Hyung"

"ဟုတ်ပါပြီ"

နှစ်ယောက်သားထိုနေရာကို လမ်းခွဲမည်ပြုပြီးကာမှ Jin Hyung၏ ခြေလှမ်းတွေ တုံ့ခနဲ
ရပ်တန့်သွားသည်။ပြောစရာတစ်ခုခုကျန်နေသေးသည့်အမူအယာမျိုး မို့
သူအလေးအနက်ထားပြီး Hyung မျက်လုံး
တွေကိုကြည့်လိုက်ပါသည်။

"jimin စိတ်မပါရင်လည်းကုမ္မဏီကို
ပွင့်ပွင့်လင်းလင်းပြောလိုက်နော် ။ကျိန်းသေပျော်ရမဲ့ အစီအစဥ်ဆိုပေမယ့်အခုjimin ပုံစံကြည့်ရတာ အဆင်မပြေသလိုပဲ"

သူ့ရင်ထဲအထိ ထွင်းဖောက်မြင်နိုင်သည့်
jin Hyung ဟာ
တကယ့်ကို ဖခင်တစ်ယောက်ကဲ့သို့။

Coral Conflict  Where stories live. Discover now