ခြံထဲသို့ ကားပါကင် ထိုးပြီး
ကားထဲကအထွက်"အငယ်ရာ ဘာတွေလုပ်နေလို့
ဖုန်းမကိုင်ရတာလဲကွာ"V Hyungတစ်ယောက်တကယ်ကိုနေမကောင်းဘူးပဲ။
မျက်နှာလေးဖျော့တော့နေသည်မို့
သူ စိတ်မကောင်းဖြစ်သွားသည်။" Hyung ဖုန်းခေါ်ထားတာလား။
Silent လုပ်ထားမိတော့
မသိလိုက်တာနေမယ်။Hyungကနေမကောင်းဘူးကိုဘာလို့အပြင်ထွက်နေတာတုန်း""Jimin ပြန်မလာသေးဘူး အငယ် "
စိုးရိမ်စိတ်နှင့်အတူ Jungkook မျက်ခုံးတွေ
မြင့်တင်သွားသည်။"သူ ဘယ်သူနဲ့ ပြန်မယ်ပြောလဲ Hyung "
"Suga Hyung နဲ့ လို့ပြောတယ် ။ဒါပေမယ့်
Suga Hyung ကအခု အိမ်မှာပြန်ရောက်နေတယ်။သူ့ဆီ Jimin ဖုန်းမဆက်ဘူးတဲ့""ကျွန်တော့ ကိုလည်း Suga Hyung ကို
လာခေါ်ခိုင်းမယ်ပြောသွားတာပဲ။
သူ့ဆီက
ဘာအဆက်အသွယ်မှမရဘူးလားHyung "ပြောနေရင်းပင်နှစ်ဦးသားစလုံး
မောဟိုက်လာသည်။"လွန်ခဲ့တဲ့ ၁နာရီလောက်ကတော့
သူပြန်လာနေပြီလို့ Hyung ဆီ SMS ပို့တယ်။Hyung ကသူ
Suga Hyung နဲ့ပြန်လာမယ်ပဲထင်လို့ဖုန်းပြန်မခေါ်ဖြစ်ဘူး။အခုSuga Hyung ပြန်ရောက်လာပြီးပြီးချင်း
အတူတူပြန်မလာမှန်းသိတော့ ဖုန်းဆက်
ကြည့်မှစက်ပိတ်ထားတယ် အငယ်ရယ်"တစ်နေကုန်သူ့စိတ်တွေ လေးလံထိုင်းမှိုင်းနေခဲ့တာ။ လာကြိုပေးမယ်ပြောပြီးသူ့ကတိသူမတည်နိုင်ခဲ့တာ။အခု ဘာလုပ်ရပါ့မလဲ။စိုးစိတ်ကများနေလို့ထင်သည်။ဦးနှောက်က
ကောင်းကောင်းအလုပ်မလုပ်နိုင်တော့။
ခြေဖျားတွေ ကျဉ်တက်ပြီးလက်ဖျားတွေပါအေးလာသည်။ခြောက်ကပ်ကပ်
အာခေါင်ဟာနာကျင်တစ်စို့နေ၏။"ဘယ်လို မကောင်းတဲ့ကိစ္စတွေမှ ဖြစ်လာလို့
မရဘူးနော် Jiminshi"
***အိမ်ထဲ၌ ညီအစ်ကို ၆ယောက်ခေါင်းချင်းဆိုင်ကာတိုင်ပင်သည်။
"အမူ့ဖွင့်ရအောင် "
Kim TaeHyung ထပ်မစောင့်နိုင်တော့ပါ။
အချိန်က ည၁၂ နာရီစွန်းနေခဲ့ပြီ။"သူနဲ့သွားတဲ့ အစ်ကိုတွေရဲ့ ဖုန်းတွေကိုလည်း
တစ်လုံးမှ မသိတဲ့အတူတူ
ကျွန်တော်တို့ အမူ့ဖွင့်ရအောင်။ဒီလိုထိုင်ပြီး
တိုင်ပင်နေတာ အဖြေမဟုတ်ဘူး "
YOU ARE READING
Coral Conflict