အခန်း {၁}

71.7K 2.2K 61
                                    

မှိုင်းဆိုတဲ့ အမျိုးသမီးက သူ့ရင်ထဲ ရစ်နှောင်စွဲငြိစေတဲ့ နွယ်တစ်ခု။ သို့ပေမယ့် မှိုင်းဟာ သူ့ကိုလာနွယ်သည့် နွယ်တော့ မဟုတ်ပါ။ သူကပဲ ရက်ရက်ရောရောအနွယ်ခံခဲ့ခြင်း။ ဘာကြောင့်လဲဆိုသည့်မေးခွန်းမေးလာမယ်ဆိုရင်တော့ လူတွေ မရိုးအီနိုင်ပဲ သုံးနှုန်းကြတဲ့အချစ်ကြောင့်ပါပဲလို့ဖြေရလိမ့်မည်။ မြင်မြင်ချင်းချစ်မိသည့် အချစ်မဟုတ်ပါပဲ မြင်မြင်ချင်း စွဲလမ်းခဲ့မိရုံကစတင်ခဲ့သည်။ ဘိန်းစွဲလျင်တောင်ကုသနည်းရှိလိမ့်မည်ဆိုပေမယ့် ထိုစွဲလမ်းမှုကိုတော့ မကုနိုင်သည့်အတွက် ပြန်လမ်းမရှိခဲ့။

ပြောရရင် မှိုင်းဆိုတာ ရောဂါ...ဟုတ်တယ် မှိုင်းဟာရောဂါလိုလူ...။အမြစ်မဖျက်ချင်လောက်အောင် လှပတဲ့ ရောဂါတစ်ခု။ အန္တရယ်ရှိခဲ့ရင်တောင် ပစ်ခွေအရှုံးပေးချင်လောက်တဲ့အထိ မကုသချင်မိတဲ့ရောဂါပဲ။

🍂

"မေမေရယ် မာန်မာန်စာတွေ လုပ်ရဦးပါမယ်ဆိုမှ မပြန်သေးဘူးလား! ခြေထောက်တွေလည်း ညောင်းလှပြီ"

"ခဏနေပါဦး မာန်မာန်ရယ် အိမ်သာသုံး တစ်သျှူးလိပ်ရယ် ဟင်းချက်ဖို့ ငံပြာရည်ဝယ်ပြီးရင် ပြီးပါပြီ"

"အဲ့ဒါဆိုလည်း မြန်မြန်လုပ်လေ မေမေကလည်း ဘာလို့ မဆိုင်တဲ့ နေရာတွေလျောက်ပတ်ကြည့်နေတာလဲ... ဆေးစာတွေက မလွယ်တဲ့ဟာကို"

"ကဲ! မေဇာမဏီမာန်... ငါကအမေပါ သိပါတယ် စာမေးပွဲရက်က အဲ့လောက်လည်းမလိုသေးလို့ ဒီနေ့အဖော်လေး ခေါ်မိပါတယ် ပူညံပူညံနဲ့ နင့်အဖွားထက်တောင် ဆိုးသေးတယ်"

ဇာမဏီနဲ့ သူ့အမေက နည်းနည်းလေးမှ မတည့်။ သူ့အမေက အရမ်းကို ခေတ်ဆန်လွန်းပြီး ဘာမှကို လေးလေးနက်နက်မရှိ။ သူများမိဘတွေဆို ကိုယ့်သမီးလေး စာလုပ်နေရင် မနှောင့်မယှက် သေချာပံ့ပိုးပေးကြမှာ။ သူ့မာတာမိခင်မှာတော့ စာလုပ်ပြီဆိုတာနဲ့ ဟိုခေါ်ဒီခေါ်လုပ်တဲ့အပြင် ခိုင်းက ခိုင်းသေး။ ဒါနဲ့များ သူ့အမေ ဘယ်လို အထွေထွေအထူးကုဆရာဝန်ဖြစ်လာလဲ ဇာမဏီ လုံးဝကို စဉ်းစားလို့မရ။

အနီမှိုင်းမှိုင်းWhere stories live. Discover now