အပိုင်း {၃၆}

14K 1K 20
                                    

ဇာမဏီ့လေသံလေးကို မှိုင်းဟာ ကြားစွာဖြင့် ခပ်ဖွဖွလေးပြုံးသည်​။ အကြည့်တွေဟာ အားနာနေဟန်လေ။ ပြောရလျှင် မှိုင်း မွေ့နေ့ကိုသိလိုက်ရပေမယ့် ချစ်သူဖြစ်ပြီး ၃ ရက်မြောက်နေ့မှာ မှိုင်းမွေးနေ့ဟာမလား။ စက်တင်ဘာ ၁၀ ရက်နေ့လေ။ ဒါဆို မှိုင်းမွေးနေ့အတိကျကိုသိပြီပဲ။

ဒါပေမယ့် မှိုင်းက လျှို့ဝှက်ရက်လွန်းတယ်။ စိတ်မဆိုးပေမယ့် အတော်ဝမ်းနည်းမိသည်။ ဒါကို မှိုင်းသိနေခြင်းကြောင့် ထိုအကြည့်ဖြင့် ကြည့်နေတာခြင်းလေ။

"မှိုင်း တောင်းပန်ပါတယ် ငှက်လေး"

ပြောစရာစကားရှာမရပဲ ငြိမ်သက်သွားသည့် သူ့ကို မှိုင်းက တောင်းပန်လာသည်။

"ရပါတယ် မှိုင်းရဲ့ အခုသိရပြီပဲ တောင်းပန်ရလောက်ထိ မဟုတ်ပါဘူး"

ဇာမဏီ ခေါင်းလေးကုတ်ရင်း ရယ်လိုက်ရင်းပြောလိုက်ပေမယ့် မျက်နှာအနေထားကတော့ ရယ်ရခက်၊ ငိုရခက်လေးဖြစ်သွားသည်။ နေရခက်သွားလို့ပါ။ ချစ်တဲ့သူရဲ့ မွေးနေ့ကိုတောင်အရင်သိအောင်မကြိုးစားမိလို့လေ​။ သို့ပေမယ့် မှိုင်းသူ့ကို တောင်းပန်စရာမလိုပါ။ အစကတည်းက မှိုင်းက ထိုသို့လျှို့ဝှက်တဲ့အမျိုးသမီးပဲမလား။ မသိရလို့ ဝမ်းနည်းမိပေမယ့် အပြစ်တင်စိတ်တော့ မဝင်မိပါ။

"စိတ်မကောင်းဖြစ်သွားတယ်မလားဟင်"

"မဟုတ်ပါဘူး မှိုင်းရဲ့...ဟို နည်းနည်းပေါ့ နည်းနည်းတော့ ဝမ်းနည်းမိတယ် ဒါပေမယ့် ဇာမဏီ ဘာမှမဖြစ်ပါဘူး မှိုင်း။ အခုချိန် မှိုင်းမွေးနေ့လေး သိရရုံနဲ့တင်ကျေနပ်ပါပြီ။ ပြီးတော့ မှိုင်းနဲ့ ဇာမဏီ စိတ်ချင်းဆက်နေတာတယ်ထင်တယ်"

ဇာမဏီအစက မှိုင်းရဲ့ ထိုသို့အားနာဟန်၊ အပြစ်ရှိသူလိုလုပ်နေသည့်ဟန်လေးကို မမြင်ချင်တာကြောင့် လိမ်လိုက်ဖို့ကြိုးစားလိုက်ပေမယ့် လိမ်လိုက်ရင်လည်း မှိုင်းက သိမှာပဲလေ။ ထို့ကြောင့် ဇာမဏီ ရင်ထဲဖြစ်နေတဲ့ အရှိကိုအရှိတိုင်းသာ အမှန်တိုင်းသာပြောလိုက်သည်။

"စိတ်ချင်းဆက်နေတယ် ဟုတ်ပါရဲ့ ဒါကို မှိုင်းအဲ့နေ့ကည်းက သိခဲ့တယ်"

အနီမှိုင်းမှိုင်းWhere stories live. Discover now