အခန်း {၄၁}

13.2K 1.1K 91
                                    

ဆေးဆိုင်ဘက်အခြမ်းလေးကတော့ သူတာဝန်နဲ့သူဖွင့်နေပေမဲ့ မြေ့ ဒီရက်ပိုင်းအတွင်း ဆေးခန်းကိုမရောက်ဖြစ်ခဲ့။ ဒီရက်ပိုင်း ဟိုကလေးမလေးက အမြဲဒီကိုလာတယ်လို့ ဒီနေ့ရောက်ရောက်ခြင်းကြားရသည်။ မြေ့လည်း တရားဝင်ကွာရှင်းဖို့ ကိစ္စနဲ့ သူ့အိမ်နှင့်အတိုက်ခံလုပ်နေရတာကြောင့် စိတ်ပင်ပန်းလို့ ဒီကိုမလာနိုင်ခဲ့ခြင်းပါ။

"ဟင်း..."

အဲ့နေ့က ထိုကလေးမရဲ့စကားတွေကို ပြန်ကြားမိတိုင်း သက်ပြင်းချမိသည်။ အမှန်တော့ မြေ့ အဲ့နေ့က ရှင်းပြောတဲ့ တစ်ချို့တစ်ဝက်ကိုကြားသိခဲ့ရသည်လေ​။ ရန်ဖြစ်ခြင်းက ဇာမဏီအပေါ်တက်သွားသည့်အချိန်မှာ ရဲသွေးရော သူပါ ရန်ဖြစ်ရှိန်ကိုရပ်တန့်လိုက်ခဲ့သည်။ ပြီးနောက် ရဲသွေးက အိမ်ကနေ ပြန်ထွက်သွား၏။

မြေ့လည်းစိုးရိမ်မိသလို ရဲသွေးလည်း ဖခင်တစ်ယောက်အနေနှင့် သူ့အကြောင်းသိသွားတော့ စိုးရိမ်မှာပဲလေ။ ရဲသွေးကို မြေ့မုန်းပေမဲ့ သမီးရဲ့ဖခင်အဖြစ်တော့ လက်ခံပေးနိုင်သည်လေ။ ရဲသွေးထွက်သွားတော့မှ မြေ့ ထိုနေရာလေးမှာပဲ အပေါ်တက်မတက်စဉ်းစားရင်းရပ်နေခဲ့သည်က နည်းနည်းကြာသွားသည်မို့ ရှင်းပြောသည့်စကားကို အကြောင်းစုံတော့ မကြားလိုက်ပါ။

သူ့ကိုအတွက်ကာပြောပေးသည့်နေရာကနေစကြားခဲ့ရသည်လေ။ ပြီးတော့ စကားအသွားလာအရ အခုကလေးမ အမေက ကလေးမရဲ့ အမေအရင်းမဟုတ်သည့်ပုံ။ ဒါပေမဲ့ မသေချာပါ။ သေချာသိလိုက်ရသည်က ကလေးမ အဖေက ထောင်ထဲရောက်နေသည်ဆိုတာကိုပင်။ သူအဲ့လိုကလေးမျိုးနဲ့မှ ရန်အကြိမ်ကြိမ်ဖြစ်ပြီး အကူညီတောင်းခဲ့ရတာကိုအခုမှ အားနာမိပြီ။ ရှေ့လျောက်ဘယ်လိုမျက်နှာမျိုးနဲ့တွေ့ရပါ့မလဲ။

"သိမ့်... အဲ့တုန်းကသာ မမ သိမ့်ကိုရွေးချယ်ခဲ့မယ်ဆိုရင် မမ တို့ပျော်ရွှင်နိုင်ခဲ့မယ်ထင်လား"

သိမ့် ထိုနာမ်စားလေးကို သူ့နှုတ်ဖျားကထွက်တိုင်း နာကျင်နေဆဲ။ အမှန်တော့ သိမ့်ကိုသူသတ်ခဲ့တာပဲ။ သူသာ ရဲသွေးကို မယုံခဲ့ရင် ဒီလိုတွေဖြစ်မှာမဟုတ်ဘူး။

*ဘာကြောင့်များ အဲ့လမ်းကိုရွေးချယ်ခဲ့ရတာလဲ သိမ့်ရယ်*

ကြိုးစားမေ့ထားခဲ့ဖူးတဲ့ ဒီမေးခွန်းကို သူထပ်ပြီး မေးရပြန်ပြီ​။ မြေ့မှာ နောင်တနှစ်ခုရှိပါသည်။ အဲ့ဒါက ထိုမင်္ဂလာပွဲက လူတစ်ယောက်ကိုသေဆုံးစေခဲ့မယ်မှန်းသိရင် ဟင့်အင်း သူချစ်ရတဲ့သူကို သေဆုံးစေခဲ့မှန်းသိရင် မြေ့လုပ်ခဲ့မှာမဟုတ်ဘူး။ အခုတော့ ဘဝတစ်ခုလုံးစာ ထင်ကျန်နေမယ့် နောင်တဖြစ်လာခဲ့သည်။

အနီမှိုင်းမှိုင်းWhere stories live. Discover now