ဇာမဏီကားမောင်းနေသော်ငြားလည်း မှိုင်းအကြောင်းပဲတွေးနေမိသည်ကြောင့် မစဉ်းစားချင်တော့ပေမယ့် အစီအရီပြန်ဝင်လာတဲ့ မှိုင်းအကြောင်းတွေ။
မှိုင်းရဲ့အကြောင်းကိုအစကနေပြန်ဆက်ရရင်ဖြင့် မှိုင်းဟာ သူမ မသိတက်သေးတဲ့အရွယ်ကတည်းက မှိုင်းအမေက သူ့အဖေနဲ့အဖွားဆီမှာထားရင်းအိမ်ကဆင်းသွားခဲ့တယ်လေ။ မှိုင်းအဖေဟာ အမြဲအရက်မူးရူးနေတဲ့သူမို့ မှိုင်းကို ဂရုမစိုက်နိုင်သလို၊ မှိုင်း၏ အဖွားဟာလည်း အမေဖြစ်သူကိုအမြင်မကြည်တာကြောင့် ပစ်ထားသွားခြင်းခံရတဲ့ မှိုင်းကိုလည်း အမြင်မကြည်ခဲ့။
သို့သော် မှိုင်း အသက် ၅ နှစ်အရွယ်မှာ မှိုင်းအမေဟာ ပြန်လာခဲ့သည်။ ပြန်လာခဲ့သည်ဆိုတာထက် မှိုင်း အဖေရဲ့ ချော့မြှူခြင်းနှင့် ကတိတွေအထပ်ထပ်ပေးမှုတွေကြောင့်သာ ဖြစ်လေသည်။ မှိုင်းအဖေနဲ့ အမေက ချစ်လို့ယူခဲ့ကြသည်လေ။ ထို့ကြောင့် သူ့အမေက ပြန်လက်ခံခဲ့သည်ထင်ပါရဲ့။ မှိုင်း အမေအိမ်ပြန်ရောက်လာသည့် အချိန်မှ အဖေဟာ အရက်သောက်သည့်အကျင့်ကိုဖျက်လာသည်။ သို့ပေမယ့် မှိုင်းအဖွားကတော့ မှိုင်းအမေကို အမြင်မကြည်ခဲ့ပေ။ မှိုင်းရဲ့ သိတက်စအရွယ်ကနေ မပျော်ရွှင်ခဲ့သည့် အချိန်များသည် မှိုင်း အမေပြန်ရောက်လာမှ ပျောက်ပျက်ကုန်ရသည်။ ဟုတ်ပါသည် သူမ မိခင်ကြောင့် အိမ်ရဲ့တစ်နေရာမှာ အမြဲလိုလို ချောင်ကပ်နေနေရတဲ့ကလေးမဟုတ်တော့ပဲ အချစ်ခံလာရသည်။ သူမအဖေဟာလည်း သူ့မေမေပြန်ရောက်လာကတည်းက နွေးထွေးလာသည်မလား။ ဒါပေမယ့် ထိုပျော်ရွှင်မှုဟာလည်း အချိန်အကြာကြီးမခံခဲ့ပါ။
မှိုင်း ဒုတိယတန်းတက်လက်စအချိန် အသက်အားဖြင့်
၇ နှစ်အရွယ်မှာ သူ့အဖေက ခါတိုင်းလိုအရက်ကိုပြန်သောက်လာ၏။ အစကတော့ အလုပ်ကပြန်လာတိုင်း ပင်ပန်းလို့ နည်းနည်းအမောဖြေရုံ အပေါင်းပါတွေနှင့်သောက်ရင်းကနေ ပြန်စွဲလာခြင်းပေါ့။ အဲ့အချိန်က မှိုင်းအမေဗိုက်ထဲတွင် ၄ လလွယ်ထားတဲ့ကလေးလေးရှိနေခဲ့ပြီလေ။ မှိုင်းလည်းသိတက်တဲ့အရွယ်ရောက်မှ သိခဲ့သည်။ သူ့အမေဟာ ပထမတစ်ကြိမ်က ဘာကြောင့် အဖေ့ကိုထားခဲ့လည်းဆိုသည်ကိုပေါ့။ အကြောင်းကတော့ အရက်သောက်ပြီး သွေးဆိုးတက်သည့်အခါတိုင်း သူမ အမေကိုရိုက်နှက်တက်လို့ပင်။ ကိုယ်ဝန်ပိုရင့်လာတဲ့နောက်ပိုင်းမှာတော့ မှိုင်းအမေဟာ စိတ်ကုန်ပြီး ကွာရှင်းပျက်စဲကြရန် တရားပါရင်ဆိုင်ခဲ့ကြရသည်။
YOU ARE READING
အနီမှိုင်းမှိုင်း
Romanceမှိုင်းဆိုတဲ့ အမျိုးသမီးဟာ လျို့ဝှက်တယ်။ ပဟေဠိဆန်တယ်။ မှိုင်းအနားမှာနေရတာဟာ သင်္ချာပုဒ်စာတစ်ပုဒ်အဖြေရှာရတာထက် ပိုခက်ခဲလေရဲ့။ ထိုသို့ ပဟေဠိဆန်ပြီး နားလည်ရခက်တဲ့ အမျိုးသမီးကိုပတ်သက်ခဲ့မိတာဟာ ဝေဒနာတစ်လုံးတစ်ခဲ ထွေးပိုက်ရသလိုပေါ့။ အနီမှိုင်းမှိုင်း GL...