အခန်း {၂၉}

14.4K 1.1K 22
                                    

"မေ ဘယ်သွားချင်သေးလဲ"

"ဟိန်း ဟျောင့် မေ ဘယ်သွားချင်လဲတော့မသိဘူး ဒါပေမယ့် ငါတို့ညကျ ဟိုကောင်တွေနဲ့ချိန်းထားတယ်လေ။ အခုပဲ ညနေစောင်းတော့မယ်"

ဝင်ပြောလာသည့် သန့်ကို ကျေးဇူးတင်မိသွားသည်။ ကိုယ့်ဟာကို ငြင်းလည်းရပေမယ့် ငြင်းရင် ဘယ်လိုအကြည့်တွေလာဦးမလဲမသိတာကြောင့် ငြင်းဖို့လည်း ခပ်လန့်လန့်လေ။ ဒါပေမယ့် သန့်ဝင်မပြောလည်း သေချာပေါက် ပြန်ချင်ကြောင်းပဲပြောမှာပါ။

"အဲ့ဒါက နောက်ရက်ရွေ့လည်းရတယ်လေ မင်းသန့်ရာ"

"ငါရောပဲ ညနေစောင်းနေပြီ အိမ်ကပြောလိမ့်မယ်"

ဟိန်းက လက်ခံချင်စွာ သန့်စကားကို ပြောတော့ အိမ်မပိုင်တဲ့ ကဗျာကပါပြောလာသည်။ ဒီတစ်ကြိမ်တော့ ဟိန်းလည်း မတက်နိုင်တော့ပါ။ အဲ့တော့မှ ဇာမဏီ သက်ပြင်းတိုးတိုးချနိုင်တော့သည်။ အခုချိန်မှ မှိုင်းဆီ သွားလည်းမရတာသိပေမယ့် မှိုင်းဆီတော့ ဖုန်းဆက်လို့ရသေးတယ်မလား။ တစ်နေကုန် မနက်နိုးတုန်းကပဲ ဖုန်းတစ်ကြိမ်ခေါ်ရသေးတယ်လေ​။ နည်းနည်းစောပြန်ရရင် မှိုင်းဆီဝင်ဦးမှာ ဖြစ်ပေမယ့် အခုတော့ မဝင်နိုင်တော့ပါ။

"အဲ့ဒါဆိုလည်း ခဏနေပြန်ကြတာပေါ့ ရှင်း နင်ကရော"

ဟိန်းရဲ့စကားကို ရှင်းက ချက်ချင်းပြန်မဖြေပဲ စဉ်းစားနေဟန်ပေါ်သည်။ ဒါမှမဟုတ် ပြောမထွက်ပုံပါ။ ထို့ကြောင့် ရှင်းမပြောခင် ကဗျာက ထပြောလေသည်။ ရည်ရွယ်ပြီးပြောတဲ့ သူက ဇာမဏီ့ကိုဖြစ်ပြီး တောင်းဆိုလာခြင်းပါ။

"ဟိုလေ မာန် ဒီနေ့လေ..."

"ရပါတယ်ဆို ကဗျာကတော့ ငါက ကလေးမှ မဟုတ်တော့တာကို"

"မရပါဘူး ရှင်းရယ် ငါစိတ်မချလို့ပါ"

ရှင်းနဲ့ ကဗျာက တတွတ်တွတ်ပြောနေရတာကို ဇာမဏီတို့ ကြားနေရတာကြောင့် ၃ ယောက်လုံး စိတ်ဝင်စားသွားမိသည်။

"ဘာလို့လဲ ကဗျာ?... ရှင်း တစ်ခုခုဖြစ်လို့လား"

"အင်း"..."ဟင့်အင်း"

နှစ်ယောက်လုံးဆီမှ တစ်ပြိုင်နက်တည်းကြားလိုက်ရသည့် အသံကြောင့် ဇာမဏီ မျက်ခုံးတစ်ဖက်ပင့်သွားသည်။

အနီမှိုင်းမှိုင်းDonde viven las historias. Descúbrelo ahora