အခန်း {၃}

18.8K 1.4K 30
                                    

မှိုင်း မသိတဲ့ လူစိမ်းတစ်ယောက်ကို အိမ်ထဲ လွယ်လွယ်ကူကူ ဝင်ခိုင်းလိုက်မယ်လို့ ဇာမဏီမထင်ထားတာအမှန်။ မှိုင်းကမှ ပိုထူးဆန်းသည်မဟုတ်လား။ သူ့ကို ဒေါသထွက်ပြီး မောင်းမထုတ်ရင်တောင် ဒီကနေ ပြန်ခိုင်းမယ်လို့ပဲ ထင်ထားခဲ့တာ။ ပြီးတော့ သဘောကျတယ်ဆိုတာ ဘာသဘောဆောင်သလဲ။ ဒါဟာ သိပ်ရင်ခုန်ဖို့ကောင်းသည်။

မှိုင်းဟာ အိမ်တံခါးလော့ကို ဖွင့်ပြီးတာနဲ့ တံခါးဖွင့်လိုက်တယ်။ ပြီးတာနဲ့ ဇာမဏီ အကူညီတောင် မယူပဲ ထော့နဲ့ထော့နဲ့ဖြင့် အိမ်ထဲ ဝင်သွားသည်။

"ဒီမှာ ခဏထိုင်စောင့်နေပါ!... မှိုင်းတစ်ခုခုလုပ်ပေးမယ်
အိမ်ကို ဧည့်သည်ဆိုတာမျိုး မလာဖူးတော့ အိမ်မှာ ဘာမှတော့ သိပ်မရှိဘူးရှင်"

ဇာမဏီကို မှိုင်းဟာ ဆိုဖာပေါ်ထိုင်ခိုင်းကာ ထိုသို့ပြောရင်း ဧည့်ခန်းဘေးက နောက်ဖွေးကို ဝင်ဖို့လုပ်နေသည်။ ထွက်သွားဖို့ လုပ်နေတဲ့ မှိုင်းလက်ကို ဇာမဏီ လှမ်းဆွဲကာ ဆိုဖာပေါ်ထိုင်ခိုင်းလိုက်တယ်။ မှိုင်းဟာ ဇာမဏီ လုပ်ရပ်ကြောင့် မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့် ဇာမဏီကို ကြည့်လာသည်။ ဇာမဏီသိပါတယ် သူစိမ်းတစ်ယောက်ရဲ့လက်ကို ဒီလိုလှမ်းဆွဲတာ ယဉ်ကျေးမှုမရှိဘူးဆိုတာ။ သို့ပေမယ့် ဒီလောက်နာကျင်နေပုံရတဲ့ ခြေထောက်နဲ့ မှိုင်းဟာ ဘာတွေများလုပ်ပေးချင်နေတာလဲ။

ဇာမဏီ ဆိုဖာပေါ်မထိုင် မှိုင်းရှေ့မှာ ဆောင့်ကြောင့် ထိုင်လိုက်သည်။ ဒါကြောင့် မှိုင်းဟာ ပြာသွားဟန်ဖြင့်။

"အို ဒါဘာလုပ်တာလဲ ဆိုဖာပေါ်ထိုင်လေ"

"မှိုင်း ခြေထောက်အနာကို ကြည့်ချင်လို့ တစ်ချက်ပြကြည့်လို့ရမလား?"

"ဟင်"

"တော်တော်နာနေပုံပေါက်လို့ပါ"

"ယူက ဆရာဝန်လား?"

"ဆရာဝန်လက်မှတ်မရသေးပေမယ့် ဒီလောက်တော့ ကြည့်ပေးတက်မယ်ထင်ပါတယ်"

"ယူက ဆေးကျောင်းသူကို"

မှိုင်းက သူ့စကားကို ချက်ချင်းအဓိပ္ပာယ်ပေါက်လေရဲ့။ ဘာလို့မှန်းမသိ မှိုင်းဟာ တကယ်သဘောကျစရာကောင်းတဲ့ မိန်းကလေးပါပဲ။

အနီမှိုင်းမှိုင်းTahanan ng mga kuwento. Tumuklas ngayon