အခန်း {၄၈}

14.1K 1.1K 64
                                    

"မေ!!"..."မာန်!"

အတန်းထဲဝင်လာသည့် ဇာမဏီကို ကြည့်ပြီး အံ့ဩစွာထွက်လာသည့် သူတို့အသံ။ ပြောရရင် သူတို့မှမဟုတ်ပါ အခန်းထဲကလူတွေအကြည့်ဟာလည်း ဇာမဏီ့ဆီမှာပင် သိပ်ကိုအံ့ဩနေပုံရသည်။ ဒါပေမဲ့ ဇာမဏီကတော့ ဘယ်သူ့ဆီမှာမှ အာရုံမရှိပါ။

ရှေ့ရက်တွေမှာ ဇာမဏီအားနည်းကာ ဆေးချိတ်ရတဲ့အထိ ဖြစ်သွားခဲ့သည်။ အဲ့လိုအချိန်မျိုးမှာလည်း အေမီကလွဲရင် သူ့အနားမှာ အဖေရော အမေပါ မရှိခဲ့ပါ။ အခုလည်းလာမတက်ချင်ပေမဲ့ ရှေ့ရက်တွေကလည်း မတက်ခဲ့သည်မို့ သူတက်မှဖြစ်မည်လေ။ ဇာမဏီ ကြိမ်းသေပေါက် ကိုယ့်ဘာသာငွေရှာနိုင်အောင်ကြိုးစားရဦးမည်လေ။ ပြီးတော့ အိမ်မှာနေသည်ထက်စာရင် အပြင်ထွက်သည်က ပို စိတ်အဆင်ပြေလောက်တယ်မလား။

"နင်ဘယ်လိုဖြစ်လာတာလဲ မာန်"

ဟိုဘက်ဝိုင်းမှာပဲ ယောင်လည်လည်လုပ်နေသည့် သန့်တောင် ဇာမဏီခုံမှာ ဝင်ထိုင်သည့်အချိန်၌ သူ့ဆီသို့ရောက်လာကာ မေးသည်။

"ငါက ဘာဖြစ်ရမှာလဲ"

"နင့်ဆံပင်လေ!! နင့်ဆံပင်က ဘယ်လိုလုပ်ပြီးတော့ ဒီလိုဖြစ်သွားတာလဲ ပြီးတော့ နင့်လိုလူက ဆေးဆိုးတယ်ဟုတ်လား"

ဟိန်းကတော့ ဇာမဏီတစ်ခုခုဖြစ်နေပြီးဆိုတာကို သိနေပြီ ထင်သည်။ ငြိမ်ကာ သန့်ပြောသမျှကို နားထောင်နေသည်။
ငြိမ်နေပေမဲ့လည်း အကြည့်တွေက စိတ်ပူဟန်။ ရှင်းလည်း ထိုသို့ပဲဆိုပေမဲ့ ရှင်းက မျက်မှောင်ကြုတ်သွားသည်လေ။ ဘာဖြစ်လို့မှန်းမသိပေမဲ့ မကြိုက်ပုံပေါ်သည်။ ကဗျာကတော့ သန့်ပြောသမျှကို သူလည်းမေးချင်နေပုံ။

ထို့ကြောင့် ဇာမဏီ သက်ပြင်းချလိုက်သည်။ ခါးလောက်ထိ ရောက်နေသည့် ဆံပင်ကိုသူညှပ်ချမိသည်က ပခုံးအောက်ရောက်ပါသေးသည်။ သို့ပေမဲ့ ဆိုင်မှာပုံမကျသည်ကို သွားပုံဖော်လိုက်တော့ နည်းနည်းတက်သွားရုံကလွဲရင် အရမ်းတော့ ပိုမတိုသွားပါ။

အမှန်တော့ ညှပ်ဖို့ပဲ ရည်ရွယ်ထားပေမဲ့ ဆိုင်ကဆွယ်မှုကြောင့် သူဆေးဆိုးဖြစ်သွားသည်။ ဆိုင်က ဆိုးရင်ပိုမိုက်သွားမယ်လို့သာပြောတာခဲ့တာပါ။ သူကိုယ်တိုင်ကိုယ်က ဆိုးလိုက်ချင်တာလဲပါသည်။ အရိုးခံလေး ရုပ်ကပျောက်သွားမလားလို့လေ။ အဲ့ဒါကြောင့် ပစ်ချသွားခံရသည်မလား။ တကယ်ဆို ဆံပင်တင်ဆိုးတာမဟုတ်ပဲ လူပါ ဆိုးပစ်ချင်နေတာပါ။ အဲ့ကနေစတင်ပြီးသူဆေးဆိုးဖြစ်သွားသည်ပေါ့။ တစ်ခေါင်းလုံးမဟုတ်ပါ။ ဒီတိုင်း အောက်အဖျားတွေကိုပဲ အနီရောင်ဆိုးချလိုက်ခြင်းလေ။

အနီမှိုင်းမှိုင်းTahanan ng mga kuwento. Tumuklas ngayon