အခန်း {၅၉} ~ ဇာတ်သိမ်းပိုင်း

33.1K 1.6K 140
                                    

"တီတီမြေ့"

စူပုပ်ပြီး သူလည်ပင်းကို ရေခဲကပ်နေသည့် မြေ့ကိုကြည့်ရင်း ရယ်ချင်စိတ်ကိုအောင့်ထားရသည်။

"တီတီမြေ့လို့!"

"ပြော"

"စိတ်ဆိုးနေတာလား"

"စိတ်မဆိုးပဲနေမလားကွယ် မလုပ်နဲ့ပြောရဲ့သားကို"

မြေ့ဟာ သူ့လည်ပင်းက အမှတ်ရာကို ရေခဲဖြင့်အုပ်ရင်းပြောလေသည်။ ရှင်း ဘာလုပ်မိလဲဆိုရင်တော့ ဘာမှမလုပ်မိပါ။ ချစ်သူတွေဖြစ်ပြီး ၁ လကျော်အကြာမှ မြေ့ နှုတ်ခမ်းလေးတွေကို နမ်းဖို့ ပါမစ်ရခဲ့သည်လေ။ ဒါကို အခုမှ ၃ လပဲရှိသေးတော့ သူဘာလုပ်နိုင်မှာလဲ။ ဒီတိုင်းလည်ပင်းသား ဖြူဖြူလေးကိုအသည်းယားလို့ အမှတ်ရာလေးဆွဲပေးမိသည်လေ။ သို့သော် မြေ့ဟာ အဲ့ကတည်းက ရှင်းလာလုပ်မည်ကိုသိစွာနှင့် မလုပ်ဖို့တားသော်လည်းလုပ်မိ၍ ပွစိစိလုပ်နေခြင်းပါ။

"မကျေနပ်ရင် ပြန်လုပ်လေ ရှင်း ဆံပင် ဖယ်ပေးမယ်လာ"

"အနှစ်ကလေး!!"

ရှင်းပြောရင်း ဆံပင်လေးကိုသိမ်းကာ မြေ့အနားပိုတိုးကပ်လိုက်တော့ မြေ့၏ ခပ်ဆတ်ဆတ်အသံလေးထွက်လာသည်လေ။

"ပြန်လုပ်ဆိုတော့လည်း မလုပ်ပဲ ဘာလို့စိတ်ဆိုးနေမှာလဲ။ ရှင်းအမှားမဟုတ်တော့ဘူးနော်"

"တို့ကိုအဲ့လိုမျိုး အနိုင်ကျင့်ဗိုလ်ကျနေမှာလား"

နောက်ဆုံးတော့ ရှင်းရယ်မိပြီလေ။ မြေ့က သူ့ကို တကယ်မကျေမနပ်ဖြစ်နေတာပဲ။ ဖြစ်လည်းဖြစ်ချင်စရာပေါ့။ မြေ့ဆေးခန်းကို သွားကြိုတော့ ပြန်ခါနီးပေးလိုက်အမှတ်ရာကြောင့် အစ်မဝါကမြင်ပြီး စလိုက်လို့လေ။ မဟုတ်လည်းသိသာနေတာပဲ။ အစ်မဝါက နားလည်ပေးပါသည်။ အခုလည်းဆိုင်မှာ အစ်မဝါတစ်ယောက်ပဲရှိတော့သည်မလား။ ကျန်တစ်ယောက်က ရဲသွေးမောင်ကို သတင်းရောင်းစားလိုက်လို့ ဇာမဏီက မြေ့ကိုတိုင်လိုက်ခြင်းကြောင့်လေ။ ထို့ကြောင့် မြေ့ဟာထုတ်ပစ်လိုက်ခြင်း။

အခုတော့ အဲ့ပြဿနာက ကားပေါ်ကတည်းက စိတ်ကောက်နေတာ အခုမြေ့အိမ်ရောက်သည်အထိ။

အနီမှိုင်းမှိုင်းWhere stories live. Discover now