အခန်း{၂၄}

14.3K 1.1K 29
                                    

မှိုင်းသည် စကားတံခါးဂျက်ကို သွားဖွင့်ပေးလိုက်တာနဲ့ ဇာမဏီ စူးစမ်းကြည့်နေမိသည်။ မှိုင်းစကားသွားဖွင့်ပေးလိုက်သည်ကို သူကဘာကြောင့် စိုးထိတ်မိနေပါသလဲ။ တံခါးဖြည်းညှင်းစွာပွင့်ဟသွားလေ စိုးရိမ်စိတ်မြင့်လေဖြစ်လာသည်။

"Hey!! Vi......"

အသံရှည်စွဲကာ မိန်းကလေးတစ်ယောက်အသံထွက်ပေါ်လာပြီး မှိုင်းရဲ့ မျက်စောင်းကြောင့် ထိုမိန်းကလေးမှာ ပြောလက်စကိုတိခနဲ ဖြတ်ပစ်လိုက်တော့သည်။ ဘာပဲဖြစ်ဖြစ် ထိုအချိန်မှ ဇာမဏီရင်ထဲပေါ့သွားမိတယ်။ ဇာမဏီဘာကိုစိုးရိမ်ပူပန်နေတာလဲ။ မှိုင်းနဲ့ပတ်သက်ပြီး အစိုးရိမ်လွန်လွန်းနေတာမကောင်းမဘူးမဟုတ်လား။

"ဘာလို့လဲ?"

အမေးစကားလေး မေးရင်းအထဲဝင်လာသည့် အမျိုးသမီးဟာလည်း မှိုင်းကဲ့သို့ လှပလွန်း၏။ ဇာမဏီ အခုလေးတင် ပေါ့ပါးသလို ရှိလာတဲ့ စိတ်က ထိုအမျိုးကြောင့် မပေါ့ပါးနိုင်တော့ပြန်။ မှိုင်းထက်ပိုရှည်ပေမယ့် ဇာမဏီ့အရပ်ကိုတော့ မမီပါ။ မှိုင်းနှင့်ရွယ်တူပဲထင်ရသော်လည်း အရပ်ရှည်ခြင်းကြောင့် မှိုင်းထက်တော့နည်းနည်းပိုရင့်စေသည်။ ခန္ဓာကိုယ်အချိုးစားက ပိုင်သွယ်နေတာတောင် မိန်းမတစ်ယောက်ရှိသင့်သည့် အချိုးစားရှိ၏။ နှုတ်ခမ်းကတော့ မှိုင်းလိုပါးပါးလေးမဟုတ်ပဲ ခပ်ထူထူလေးပင်။ မျက်လုံး၊ မျက်ခုံး၊ နှာတံ၊မေးရိုးသွယ်သွယ်လေး တစ်ခုခြင်းစီက သိပ်ကိုလှပေမယ့်လည်း ဇာမဏီ့အတွက်တော့ မှိုင်းကိုမမီပါ။

"အနီ မပြန်သေးဘူးလား!"

ဇာမဏီ ငေးကြည့်နေတုန်းမှာ မှိုင်းဆီက ထပ်သတိပေးလာသည့် စကားကြောင့် ဇာမဏီသတိပြန်ဝင်လာသည်။

"အဲ့ဒါဆို ပြန်ပြီနော် မှိုင်း"

မှိုင်းဟာ မိတ်မဆက်ပေးပဲ အတင်းပြန်လွှတ်နေပါရောလား။ ဒါပေမယ့် မှိုင်း အပြစ်တော့မဟုတ်ပါဘူး။ မှိုင်းက အစကတည်းက လျှို့ဝှက်ချက်တွေနှင့်ပြည့်နှက်နေတဲ့သူမလား။ မှိုင်းမအကြောင်းတောင်မပြောပြပါပဲ ဒီအမျိုးသမီးနဲ့ ဘယ်မိတ်ဆက်ပေးပါ့မလဲ။

အနီမှိုင်းမှိုင်းOpowieści tętniące życiem. Odkryj je teraz