အခန်း {၁၄}

15.4K 1.1K 40
                                    

သမုဒ္ဒရာနက်ထဲကိုကျရောက်သွားသလို ဆွဲညို့နေတဲ့ မှိုင်း၏ မျက်ဝန်းညိုညိုလေးက အခုထိပင်စိုက်ကြည့်နေဆဲ။ ဇာမဏီ ထိုအကြည့်ကိုဘယ်လိုမှ မခံနိုင်တော့စွာဖြင့် ခေါင်းလေးငုံကာ အကြည့်ချင်းလွှဲလိုက်ရသည်။ အခုချိန်မှာ ဇာမဏီရင်အတွင်း၌ ပေါက်ကွဲတော့မည့် ဗုံးများတပ်ဆင်ထားသလို။ ဆက်ကြည့်နေရင် ထိုဗုံးတို့က ပေါက်ကွဲပြီး မှိုင်းအကြောင်းကို သေချာမသိခင်၊ မှိုင်းနဲ့ သူဒီထက်ပိုလေးနက်တဲ့ ဆက်ဆံရေးမရောက်ခင်မှာပဲ ရင်တွင်း ခံစားချက်တွေ ဖွင့်ဟမိတော့မည်။

လူတစ်ယောက်ကိုချစ်ကြောင်းပြောဖို့ အချိန်အတိုင်းတာ တစ်ခုထိ စောင့်သင့်သည့်အချိန်ရှိသလို မလိုအပ်တာမျိုးလည်း ရှိနိုင်ပါသည်။ သို့သော် ဇာမဏီ့အတွက်တော့လိုသည်။ ဒါဟာ ဇာမဏီ သတ္တိမရှိသည်ထက် ခင်မင်ရင်းနှီးတာမကြာသေးတာမို့ ဇာမဏီ့ဝင်ခံချက်က မှိုင်းအပေါ်မလေးစားရာရောက်သွားမည်ကိုလည်းကြောက်သလို အချိန်တိုအတွင်း ချစ်ခဲ့မိပါတယ်ဆိုသည့် ဖွင့်ဟဝန်ခံချက်ကြောင့် မှိုင်း အလေးမထားပျက်ရယ်ပြုမှာကိုလည်း ကြောက်ပါသည်။

"တို့ စားပြီးပြီဆိုတော့ သိမ်းလိုက်တော့မယ်နော် ငှက်လေး"

ဇာမဏီအကြည့်ချင်းလွှဲပြီး ခဏအကြာမှာ မှိုင်းသည် သိမ်းဖို့ ပန်းကန်တွေကောက်ကိုင်ရင်းပြောလာသည်။ ဇာမဏီလည်း အဲ့တော့မှ ခေါင်းလေးပြန်ထောင်နိုင်တော့သည်။

"ဇာမဏီလည်း ကူမယ်လေ"

"သိပါ့ ခုံလေးပဲ သူ့နေရာသူ ပြန်ထောင်ပေးပါကွယ်"

ဇာမဏီပြောမှာကို မှိုင်းက သိနေသည့်အလားပြုံးရင်း ပြောလာ၏။ ဇာမဏီလည်း ရင်ခုန်ပြီး အရှက်ကမပြေသေးတဲ့ အပြင် မှိုင်း အပြုံးလေးပါ ထပ်ဆင့်တွေ့လိုက်ရတော့ ဘာမှပြန်မပြောတော့ပဲ ချက်ချင်းသာထရပ်လိုက်သည်။ မှိုင်းကလည်း ပန်းကန်နဲ့ ကော်ဖီခွက်တွေကို တစ်စုတည်းထပ်ကာ ယူရင်းထလိုက်သည်။

"စားပွဲထောင်ပြီးရင် အခန်းထဲမှာပဲ စောင့်ရင်စောင့်လေ အနီ"

"ဟုတ် အဲ့လိုလုပ်လိုက်မယ် မှိုင်း"

ဇာမဏီ စားပွဲကိုနံရံတွင်ထောင်ပြီးစဉ် မှိုင်းရှိရာ မီးဖိုချောင်ကိုလှမ်းကြည့်မိတော့ မှိုင်းဟာ စားပြီးသားပန်ကန်တို့ကို ဆေးကြောနေ၏။ မှိုင်းက အိမ်ရှင်ပီပီ သူ့အလုပ်သူလုပ်နေပေမယ့် ဆိုင်ချင်တဲ့ ဇာမဏီကတော့ မြင်မြင်ချင်း သဘောကျခဲ့မိတဲ့ ထိုနောက်ကျောလေးကိုဖက်တွယ်ရင်း မှိုင်းကို ကူညီချင်တဲ့စိတ်တွေတဖွားဖွားပေါ်လာတော့သည်။ ဆက်ကြည့်နေရင် တကယ်ပဲလုပ်မည်တော့မည်ကို သိ၍ အခန်းထဲဝင်ပြီးသာ တွေ့ရာစာအုပ်ကို ကောက်ယူဖတ်လိုက်တော့တယ်။ သို့ပေမယ့် သူ့စိတ်အလုံးစုံက စာအုပ်ဆီမှာတော့ မဟုတ်ပေ။

အနီမှိုင်းမှိုင်းTempat cerita menjadi hidup. Temukan sekarang