အခန်း {၃၈}

13.6K 1.1K 36
                                    

ထင်သည့်အတိုင်း ဇာမဏီသည် အိပ်မရခဲ့ပါ။ ဘယ်အချိန်အိပ်ပျော်သွားလဲမသိပေမယ့် အချိန်တော့တော်တော်ကြာပါသည်​။ အဲ့အချိန်က ငြိမ်သက်စွာအိပပျော်နေသည့် မှိုင်းရဲ့ကြည်လင်နေတဲ့မျက်နှာလေးကို ငေးကြည့်ခွင့်ရလို့ အိပ်ရေးပျက်လည်းကျေနပ်ခဲ့ပါသည်။

ထို့ကြောင့် ဇာမဏီအိပ်ရာထနောက်ကျခဲ့သည်ထင်၏။ သူနိုးတော့ မှိုင်းက သူ့အနားမှာမရှိတော့​။ အိပ်ရာထနောက်ကျရသည့်အကြောင်းရင်းမှန်ကတော့ ထိုနေမပေါက်သော လိုက်ကာကြောင့်သာဖြစ်သည်။ အခုလည်း နေထွက်နေသည်လို့သာ သိရပေမယ့် ဘယ်အချိန်မှန်းမမှန်းနိုင်။ မျက်မှန်တပ်ရင်း နာရီကြည့်လိုက်မှသာ နေ့လည် ၁၁ ကျော်နေပြီလေ။ ဇာမဏီ မျက်လုံးပြူးသည်ထက်တောင် အံ့ဩစွာ နှုတ်ခမ်းနှစ်လွှာဖွင့်ဟသွားရသည်။
သူမှိုင်းဆီ ရောက်တိုင်း အိပ်ရာထနောက်ကျနေတော့တာပါပဲ။

"နိုးလာပြီပဲ ငှက်စုတ်ဖွားလေးက"

မှိုင်း ဘယ်ရောက်နေလဲသိချင်လို့ အပြင်ထွက်ဖို့ တံခါးဖွင့်တုန်း မှိုင်းဝင်လာဖို့လုပ်သည်နှင့် ကွက်တိဖြစ်သွားသည်လေ​။ ထို့အပြင် မှိုင်းက သူ့ပုံစံလေးကိုကြည့်ပြီး သေချာကြည့်ပြီးပြောတော့ မျက်နှာကို အမြန်အုပ်လိုက်မိသည်။ ဇာမဏီအခုထိ အိပ်ချင်မူးတူးလေ။ ပြီးတော့ အခုသူ့ပုံစံကို သေချာသပ်သပ်ရပ်ရပ်တောင် မလုပ်ရသေးပဲ ထလာမိတာ။

"အဟွန်း... ရှက်ပြီးကာမနေပါနဲ့ နိုးကတည်းက ဒီရုပ်လေးကို မြင်ပြီးသားပါ"

"ဟို...ဟာ မျက်နှာသွားသစ်လိုက်ဦးမယ်နော်"

ဇာမဏီ မျက်နှာလေးအုပ်ထားရက်နဲ့ တံခါးဝက မှိုင်းကိုရှောင်ကာ အပြင်ပြေးထွက်သွားတော့ မှိုင်း ထပ်ပြီးရယ်သည့်အသံလေးကို ကြားလိုက်ရပါသည်​။ သူအိပ်ရာထတဲ့ပုံစံက ဘယ်လိုဖြစ်နေမလဲမကြည့်မိလိုက်ဘူးလေ။ ဟိုတစ်ခါကလည်း အိပ်ဖူးတာကို ဒီနေ့မှ ဘာဖြစ်နေလဲမသိ။

ဘေစင်မှာ မျက်နှာသစ်လိုက်ပေမယ့် သွားတိုက်ဖို့ သွားတိုက်ဆေးနဲ့ သွားတိုက်တံအတွက် မှိုင်းကို မေးရဦးမည်။ ခက်တာပါပဲ။

"ရော့ကွယ် ဒီနေ့ ဈေးသွားတုန်းက ဝယ်လာတာ"

သွားတိုက်တံ အသစ်တစ်ချောင်းပေးရင်း ပြောလာသည့်
မှိုင်းကို ရေစိုနေသည့်မျက်နှာလေးဖြင့် ကြည့်လိုက်တော့ မှိုင်းကပြုံးနေသည်။ ထိုအပြုံးက ရယ်ချင်နေသည့် စိတ်ကို အောင့်ထားသည့်အတိုင်း။

အနီမှိုင်းမှိုင်းTahanan ng mga kuwento. Tumuklas ngayon