အခန်း {၄၃}

13.6K 1K 64
                                    

အချိန်တွေဟာ တဖြည်းဖြည်းနှင့် ကုန်ဆုံးလာခဲ့သည်။ စာမေးပွဲဟာလည်း တဖန်နီးကပ်လာသည်မလား။ အိမ်ထဲမှာ နေရတာကလည်းပိုပြီးခြောက်ကပ်လာသည် အကြောင်းက သူ့ဒက်ဒီက အရင်ကထက်အိမ်ပြန်ခြင်း သိပ်မရှိတော့လို့လေ။ သူ့မေမေကရော။ မြေ့ကတော့ သူ့ဒက်ဒီနဲ့ တရားဝင်ကွာရှင်းလိုက်ခဲ့ပြီ။ ပြောရလျှင် သူတို့မိသားစုက တရားဝင်ပြိုလဲသွားခဲ့ပြီဖြစ်သည်။

အဆင်ပြေလားဆိုရင် ကြိမ်းသေမပြေဘူးပေါ့။ ထို့ကြောင့် သူမှိုင်းအိမ်မှာ တစ်ပတ် ၃ ရက်လောက်တော့ သွားနေဖြစ်သည်လေ။

"ငှက်လေး ဒီနေ့လာတာနောက်ကျတယ်"

သူဝင်လာသည်ကို ဧည့်ခန်းဆိုဖာပေါ်မှာ ခြေထောက်ချိတ်ထိုင်းရင်း စာဖတ်နေသည့် မှိုင်းက မကြည့်ပဲ ပြောလာသည်။ ဟိုတစ်ခါ ဇာမဏီမသိရတဲ့ ပြဿနာ ဖြစ်ပြီးကတည်း မှိုင်းကလေ အရင်လိုသူ့ကို ရပ်ကြည့်မစောင့်နေတော့ပဲ ထိုသို့အခန်းလေးမှာ စာဖတ်ရင်းစောင့်တတ်လာသည်။ ပြီးတော့ မှိုင်းပုံစံက အရင်နဲ့ တစ်ချက်တစ်ချက်ကျရင် အရင်နဲ့မတူတော့ချေ။

ဒါပေမဲ့ အချိန်တော်တော်များများမှာတော့ မှိုင်းက သူ့ရဲ့ မှိုင်းပါ​။ အဲ့ ဖုန်း Call ဝင်လာပြီးနောက် အချိန်တွေမှာသာ ပုံစံပြောင်းပြောင်းသွားတာ။ ထို့ကြောင့် ဘယ်သူလဲမေးမိတိုင်း မှိုင်းကသေချာမဖြေချင်။ မှိုင်းမဖြေချင်သည်သိတော့ ဇာမဏီလည်း မမေးမိတော့ပါ။ အဲ့တော့မှ မှိုင်းက ရိပ်မိသွားဟန်ဖြင့် ပြောလာသည်။ သူ့ညီမတဲ့လေ။ သူ့ညီမက မှိုင်းကို ဒီလောက်တောင်စိတ်ဒုက္ခပေးနိုင်သည်လား။
မှိုင်းရဲ့ မိသားစုအခြေနေက သူမမေးမိတော့တဲ့ နောက်ပိုင်း ဘယ်လိုအခြေနေတွေရှိနေသေးတာလဲ။

"ရှင်းလေ ဒီနေ့ မေမေနဲ့အတင်းလိုက်တွေ့ခိုင်းနေလို့ တစ်နေ့ကလည်း လိုက်ပြီးပြီကို အခုတလောသူဘာဖြစ်နေလဲ မသိပါဘူး။ ဇာမဏီ့ရဲ့ ညနေအချိန်တွေကို အရမ်းဖဲ့ယူနေတယ် မကျေနပ်လိုက်တာ"

မှိုင်းအနားမှာဝင်ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက်တည်း မှိုင်းခါးလေးကိုဖက်ကာ မှိုင်းပခုံးလေးပေါ်မေးတင်ရင်းပြောလိုက်သည်။

အနီမှိုင်းမှိုင်းWhere stories live. Discover now