အခန်း {၅၂}

15.5K 1.2K 85
                                    

"ဘာလို့ အမြဲသူတို့က Dinner ကိုအိမ်မှာပဲလုပ်နေတာလဲ စိတ်ရှုပ်စရာ"

ရှင်း ကုတင်ပေါ်တွင်လှဲပြီးပွစိပွစိပြောနေရာကနေ ထထိုင်လိုက်သည်။

"ဒါပေမဲ့ တော်သေးတာပေါ့"

ရှိန်းက ဒီနေ့ သူပြောတာကို ပြန်ချော့၍ သူပဲလိုက်ပို့ပေးမယ်ဟုပြောလာသည်။ ရှိန်း ဆေးမသုံးတဲ့အချိန် ဒါမှမဟုတ် မမူးနေတဲ့အချိန်မျိုးမှာ အဲ့လိုထိအောင် ရှင်း ပြောနိုင်ရင် ရှိန်းက အမြဲထိုသို့ပြန်ချော့တတ်သည်။ ဒါပေမဲ့ ပြင်သွားတာမှမဟုတ်ပဲ။ အခုလည်း ရှင်းလက်မခံချင်ဖြစ်ပေမဲ့ ဒီတစ်ခါတော့ ဟိန်းနဲ့ဇာမဏီနှင့် တွေ့လို့မဖြစ်တာမို့လက်ခံလိုက်သည်။

"အဆင်ပြေကြမှာပါနော် ပြဿနာတော့မတက်လောက်ဘူးမလား"

ရှင်း ထရပ်လိုက်သည်။ ပြီးတော့ အခန်းထဲ ဟိုလျောက် ဒီလျောက်ဖြင့် ပတ်နေမိသည်။ ဟိန်းပြဿနာတော့ မရှာလောက်ဘူးမလား။ သူ့မေမေတစ်ခုခုဖြစ်သွားမှာလည်း စိုးသည်မို့ ရင်ထဲမအေးပါ။ မှိုင်းကိုတော့ ဇာမဏီက ကာကွယ်လောက်မယ်မလား။

ရှင်း ပူလောင်နေသည့် စိတ်တို့ငြိမ်းအောင် နားတွင် နားကြပ်တပ်ဆင်ဖို့ကြည့်တော့။

"ဟုတ်သား နားကျပ် ဟိုအဒေါ်ကြီးကြောင့်ပျက်သွားတာ မဝယ်ဖြစ်သေးတာကို"

ရှင်း နားကြပ်အကြောင်းတွေးမိတော့ စိတ်ထဲလျစ်ခနဲဝင်လာသည့်အတိတ်က စကားသံလေး။

"အဲ့တော့မောင်က ကြီးလာရင်အဆိုတော်ဖြစ်ချင်တယ်ပေါ့"

"ဟင့်အင်း ကော်ဖီဆိုင်လေးမှာပဲဆိုချင်တာ ကိုကိုက ဂီတာတီး ရှင်းလေးက သီချင်းဆိုမှာ"

"ဟင် ဘက်လိုက်တာပဲ အဲ့လိုဆို မှိုင်းကျမပါဘူးပေါ့"

"ဟီးဟီး မှိုင်းက ရှင်းလေး သီချင်းဆိုဖို့ ကော်ဖီဆိုင်လေး ဖွင့်ပေးလေ ပြီးရင်အဲ့ဆိုင်ရဲ့သူဌေးမကြီးလုပ်"

မှိုင်းရော ရှိန်းပါ သူ့စကားကြောင့် ရယ်ခဲ့ကြသည်။ သူ့ကိုအရူးမလေးလို့လည်း ပြောခဲ့သည့် ထိုအတိတ်က ပျော်စရာကောင်းခဲ့သည်လေ။

အနီမှိုင်းမှိုင်းWo Geschichten leben. Entdecke jetzt