ရှင်းအိမ်ပြန်တဲ့လမ်းကိုတော့ Taxi မငှားမိ။ ဒီဆေးခန်းနဲ့ အိမ်က မနီးဘူးဆိုပေမယ့် လမ်းလျောက်၍တော့ရပါသည်။ နည်းနည်းတော့ ညောင်းတာပေါ့လေ။ ရှင်း နားကြပ်ကလေးတပ်ဆင်ရင်း နားထဲသို့သီချင်းသံပြန့်နှံ့လာသည်နှင့် ပြန်နေသည့်သူ့ခြေလှမ်းတို့ဟာ ပေါ့ပါးလာသည်။ သီချင်းကို အသံအကျယ်ဆုံးထားပြီး သွားချင်ပေမယ့် မတော်တဆကိစ္စတစ်စုံတစ်ခုကြုံလာရင် စည်းကမ်းမဲ့တဲ့ သူမဖြစ်ချင်တာကြောင့် တော်ရုံလေသံကျယ်ရယ် ကြားသလောက်သာကျယ်ထားလိုက်သည်။
ရှင်းရဲ့ အတွေးတွေဟာလည်း အလျော့ပေးမိသလိုဖြစ်သွားလို့ မကျေနပ်ဟန်ရှိသည်။ သို့သော် ကျေနပ်သလိုလည်း ရှိသည်။ တစ်ချို့သော အလျော့ပေးခြင်းတွေက အနိုင်ယူခြင်းမလား။ အရမ်းတင်းမာနေတဲ့ ဆက်ဆံရေးကို သူခြေတစ်လှမ်းဆုတ်ပေးလိုက်တာက သူ့အတွက် နိုင်နိုင်ချေပိုများပါသည်။ အနိုင်၊အရှူံးပြိုင်နေသည့် ပြိုင်ပွဲမဟုတ်ပေမယ့် သူတို့ဆက်ဆံရေးဟာ ပြိုင်ပွဲသဖွယ်ဖြစ်နေတယ်မဟုတ်လား။
"မေမေရေ ရှင်း ပြန်ရောက်..."
အိမ်ထဲဝင်ဝင်ခြင်း အော်ပြောတော့မည့် ရှင်း လေသံတို့ ရပ်တန့်သွားသည်။ ရှင်းရဲ့ မျက်ဝန်းတွေဟာ ချက်ချင်း ဒေါသအငွေ့ရောင်တို့ထွက်လာပြီး မီးတောက်လာသဖွယ်။
ထိုသူကို မတွေ့တာ အတော်ကြာခဲ့ပါပြီ အတော်လေးကိုကြာခဲ့ပါပြီ။ ဒါပေမယ့် မှတ်မိနေစဲ။ နာကျည်းနေစဲ။ မုန်းနေစဲ။"ဘာလာလုပ်တာလဲ အိမ်ထဲ ဘယ်သူကခေါ်လိုက်တာလဲ!!"
ရှင်း အသားတို့ တဆတ်ဆတ်တုန်လာသလို အသံတို့ဟာလည်း ထိုနည်း၎င်း။ အော်သံကျယ်လောင်မှုကြောင့် နောက်ဖေးမှာ ကော်ဖီဖျော်ပေးနေတဲ့ ရှင်း အမေလန့်ကာထွက်လာသည်။ ရှင်းလည်း သူ့နားကြပ်ကို အကြမ်းပတမ်းဖြုတ်ပစ်လိုက်ကာ သူ့အမေကို ကြည့်လိုက်၏။
"ရှင်းလေ အဲ့ဒါက..."
"တော် မေမေ... တော်! ရှင် အခုချက်ချင်း ထွက်သွား! ထွက်သွားလို့!!"
ရှင်း ထိုလူကို တည့်တည့်ကြည့်ပြီးပြောလိုက်တော့ ထိုလူက အမူရာတောင်မပျက်ပဲ ရှင်းအမေကိုကြည့်လာသည်။
YOU ARE READING
အနီမှိုင်းမှိုင်း
Romanceမှိုင်းဆိုတဲ့ အမျိုးသမီးဟာ လျို့ဝှက်တယ်။ ပဟေဠိဆန်တယ်။ မှိုင်းအနားမှာနေရတာဟာ သင်္ချာပုဒ်စာတစ်ပုဒ်အဖြေရှာရတာထက် ပိုခက်ခဲလေရဲ့။ ထိုသို့ ပဟေဠိဆန်ပြီး နားလည်ရခက်တဲ့ အမျိုးသမီးကိုပတ်သက်ခဲ့မိတာဟာ ဝေဒနာတစ်လုံးတစ်ခဲ ထွေးပိုက်ရသလိုပေါ့။ အနီမှိုင်းမှိုင်း GL...