"မှိုင်း သဘောပါပဲ"
ဇာမဏီ့ပြန်အဖြေကို မှိုင်းကသဘောကျစွာဖြင့် ချက်ချင်းထရပ်လိုက်ကာ မီးကိုပြန်သွားပိတ်ပြီး သူကြည့်ချင်သော ဇာတ်လမ်းကို ကြည့်ရန် သူမ၏ Laptop ကိုသွားယူ၏။ ကျန်ခဲ့သည့် ဇာမဏီမှာ မှိုင်း၏ ထိုသို့တက်ကြွနေသည့် ပုံလေးကိုကြည့်ရင်း ပြုံးသာပြုံးနိုင်တော့သည်။ ဒီထက်ပိုပြီးလည်း စာမဖွဲ့နိုင်တော့ပါ။
"ဟိုဘက်အခန်းမှာ ရှာနေတာနည်းနည်းကြာသွားတယ်ကွယ်... မုန့်စားရင်းစောင့်နှင့်တာမဟုတ်ဖူး ငှက်ကလေးနှယ့်တော့"
ဝင်ဝင်လာခြင်း မှိုင်း၏ အသံလေးကိုကြားရေပေမယ့် မှိုင်း၏ မျက်နှာလေးကိုတော့ မီးအမှောင်သိပ်မမြင်ရချေ။
သို့ပေမယ့် ထိုအသံကလေးကြားရရုံနဲ့တင် ဇာမဏီ နောက်တစ်ကြိမ်ထပ်ပြီး ရုပ်ရှင်ကြည့်ဖို့ကို စိတ်လှုပ်ရှားလာတယ်ဆိုယုံမလား။မှိုင်းကတော့ သူကြည့်ချင်တဲ့ ဇာတ်လမ်းကို Projector ပေါ်မှာ ပေါ်လာအောင်လုပ်ဆောင်နေသည်။ ဇာမဏီလည်း ဘာကားမှန်းမမေးမိတော့ စိတ်ဝင်စားပါ၏။ မှိုင်း၏ အကြိုက်ဆုံး ဇာတ်ကားလေးဟာ ဘယ်လိုမျိုးဖြစ်မလဲ။
"ငှက်ကလေးတော့ကြိုက်ပါ့မလားမသိပေမယ့် တို့နဲ့ အဆုံးထိလိုက်ကြည့်ပေးမယ်မလား ဟင်"
မှိုင်းက ဒီနေ့မှ အတော်လေးတက်ကြွနေတာမို့ ဇာမဏီလည်း ချက်ချင်းဆိုသလို ခေါင်းညိတ်ပြမိသည်။ အမှောင်ထဲမှာ မှိုင်းမြင်ရမည်လားမသိပေမယ့်ပေါ့။
သို့သော် မှိုင်းက မြင်သည်ထင်ပါရဲ့။ ဘာမှဆက်မပြောတော့ပဲ သူ့အနားဝင်ထိုင်လာသည်။ ထို့ကြောင့် ရင်ခုန်နှုန်းတို့ဟာ တစ်စတစ်စမြင့်တက်ရပြန်၏။
"ဘယ်လိုဇာတ်လမ်းမျိုးလဲ မှိုင်း!"
"ကြည့်ကြည့်ပေါ့ ငှက်လေးရဲ့ ကြည့်ရင်သိရမှာပေါ့"
စိတ်လေးအပြောင်းလဲ ဖြစ်သွားအောင် ဇာမဏီမေးလိုက်ပေမယ့် မှိုင်းကတော့ ပြောပြချင်ပုံမရပေ။ မှိုင်းကြိုက်သည့် ဇာတ်ကားဆိုတော့ ကောင်းတော့ကောင်းမှာပါလေ။ ထိုသို့သာယုံကြည်ရင်း ဇာမဏီမမေးတော့ပဲ တိတ်ဆိတ်စွာကြည့်လိုက်သည်။
YOU ARE READING
အနီမှိုင်းမှိုင်း
Romanceမှိုင်းဆိုတဲ့ အမျိုးသမီးဟာ လျို့ဝှက်တယ်။ ပဟေဠိဆန်တယ်။ မှိုင်းအနားမှာနေရတာဟာ သင်္ချာပုဒ်စာတစ်ပုဒ်အဖြေရှာရတာထက် ပိုခက်ခဲလေရဲ့။ ထိုသို့ ပဟေဠိဆန်ပြီး နားလည်ရခက်တဲ့ အမျိုးသမီးကိုပတ်သက်ခဲ့မိတာဟာ ဝေဒနာတစ်လုံးတစ်ခဲ ထွေးပိုက်ရသလိုပေါ့။ အနီမှိုင်းမှိုင်း GL...