အခန်း {၂}

21.5K 1.4K 49
                                    

"မေရေ မေလို့!"

"မေ ဆိုတာ ငါတစ်ယောက်တည်းခေါ်တာ မခေါ်ပါနဲ့လို့ ပြောထားကြတယ်မလား"

"အံမယ် နင့်ကောင်မလေးကို လာသဝန်တိုမနေနဲ့ ဟိန်း! မေက မကောင်းတက်လို့ နင်နဲ့တွဲတာ အမှန်တော့ သူက ငါ့ကိုချစ်တာ ဟုတ်တယ်မလား မေ!"

ဘေးနားက စာကလေးသံလို တစာစာနဲ့ ဆက်တိုက်ပြောနေတဲ့ ရှင်းအလင်္ကာနဲ့ သူ့အတွက်တော့ အမည်ခံရည်းစား လိုဖြစ်နေသည့် ဟိန်းက ဒီလို အမြဲ သတ်ပုတ်နေကြ။

"တော်ကြပါတော့ဟာ ငါတကယ် နားညီးလာပြီ ရှင်းနဲ့ ဟိန်း ရယ်... နင်တို့ ဒီလိုလုပ်နေရင် ငါထပြန်မှာနော်"

"ဟဲ့ဟဲ့ နင်တို့ နှစ်ကောင်လုပ်တာ အမာန်လေး ပြန်သွားမယ်နော်!... မာန်က တစ်ခါတစ်လေလေး အပြင်လိုက်တာကို အေးဆေးနေကြစမ်းပါ... ပြီးတော့
ရှင်းနင်ကလည်းဟာ ဟိန်းမကြိုက်တာကို လိုက်လိုက် ကလိမနေနဲ့"

"ဘယ်မှာ ငါကလိလို့လဲ! မေ ဆိုတဲ့ နာမည်က ငါလည်း ခေါ်လို့ရတာပဲ... မင်းသန့်ကျော်နော်... နင့်သူငယ်ချင်းဘက်ကနေလာပြီး ရန်မထောင်နဲ့ ဒီမှာတင် ပွဲဖြစ်သွားမယ်"

ဒီလို စပ်စပ်ထိမခံ စာကလေးမ ရှင်းဟာ ဒီဆေးတက္ကသိုလ် (၁) ရဲ့ Queen တဲ့လေ။ ရုပ်လေးချောပေမယ့် တစ်ခုခုဆို နေရာတကာပါလွန်းတယ်။ ရှင်းဟာ သူ့အမေလိုပဲ အနှောင့်ယှက်ပေးလွန်းပါတယ်။ ဒါပေမယ့် သူက အဲ့လိုလူတွေနဲ့မှ ဓာတ်တွေ့လားမသိ။ ဟိန်းလို ငယ်ငယ်ကတည်းက ပေါင်းလာခဲ့တဲ့ လူမဟုတ်ပေမယ့် ဆေးကျောင်းတက်ကတည်းက စပေါင်းခဲ့တာ အခုဆေးကျောင်း နောက်ဆုံးနှစ်အထိဆို ၆ နှစ်တောင်ရှိခဲ့ပြီပဲ။ ဒီနှစ်ပြီးလို့ house surgeon ဆင်းပြီးရင်တော့ သူတောင် ဆရာဝန်လက်မှတ်ရပြီပဲ။ အဲ့အချိန်တွေပြီးရင် သူတို့ ဒီလို စုစုစည်းစည်းဖြစ်နိုင်ပါတော့မလား။

"ငါ ခဏလေးနောက်ကျပြီးရောက်လာမိပါတယ် သတ်နေကြပြန်ပြီလား! တော်ကြတော့ ငါရောက်လာပြီ သွားကြမယ်... ဘယ်အရင်သွားကြမလဲ"

နောက်ဆုံးမှ ပေါ်တော်မူ ကဗျာပိုးအိမ်ရောက်လာတာနဲ့ ရန်ပွဲမဟုတ်တဲ့ ရန်ပွဲဟာ ဖြန်ဖြေပြီး ဖြစ်သွားကာ သွားချင်တဲ့ နေရာတွေကိုသာ လုပြီးပြောကြပြန်တယ်။ ဇာမဏီ ရယ်ရခက် ငိုရခက်နဲ့သာ ခေါင်းခါပြီးကြည့်နေမိသည်။

အနီမှိုင်းမှိုင်းDonde viven las historias. Descúbrelo ahora