အခန်း {၅}

17.8K 1.3K 29
                                    

ဇာမဏီဒီနေ့လည်း အတန်းပြီးတာနဲ့ မှိုင်းအိမ်ကို တန်းသွားမိသည်။ ရှင်းကိုဒီနေ့ ချော့ဖို့လုပ်ထားပေမယ့် ရှင်းဟာ ဒီနေ့ ကျောင်းမလာပါ။ ဒါကြောင့် နောက်နေ့မှ ချော့လို့ရတယ်ဆိုတဲ့ အတွေးနဲ့တင် ဖုန်းပါ မဆက်မိ။

မှိုင်းတို့ ဝန်းထဲကားလေးဝင်လာတာနဲ့ ဝန်းထဲမှာ ကလေးတွေ ကြက်တောင်ရိုက်နေကြတာကို မြင်ရတယ်။ ဒါပေမယ့် သူ့ကားဝင်လာတာကြောင့် ကလေးတွေဟာ ဆော့နေရာကရပ်ပြီးကားကို ရှောင်ပေးရသည်။ အစကတိတ်ဆိတ်တဲ့နေရာလေးလို့ထင်မှတ်မိပေမယ့် ဒီလိုကျတော့လည်း အရမ်းတိတ်ဆိတ်မနေပါ။ ခါတိုင်းလို မှိုင်းတိုက်ရဲ့ မျက်နှာချင်းဆိုင်ပါကင်မှာရပ်ဖို့လုပ်တော့ ပြတင်းပေါက်ကနေ သူ့ကိုအံ့ဩသလိုကြည့်နေတဲ့ မှိုင်းကို တွေ့လိုက်ရသည်။

ဘာတွေများဒီလောက်ကြည့်နေရတာလဲလို့ ဇာမဏီလှမ်းမေးလိုက်ချင်တဲ့စိတ်ကြောင့် ကားပေါ်ကအမြန်ဆင်းရင်း
မှိုင်းအိမ်အထပ်ကို ပြေးရုံတမယ်သွားမိသည်။

"ဝင်ခဲ့လေ..."

သူ bell တီးစရာ၊ တံခါးခေါက်စရာမလိုပါပဲ မှိုင်းဟာ အဆင်သင့်ဖွင့်ပေးထားရင်းသူ့ကို စောင့်နေပြီး တွေ့တာနဲ့ ဝင်ခွင့်ချက်ချင်းပေးတော့သည်။

"မလာတော့ဘူးထင်နေတာ"

သူ့ကို ဝင်ခဲ့ခိုင်းပြီးတာနဲ့ မှိုင်းက အိမ်နောက်ဖွေးကိုဝင်သွားပြီးသူ့အတွက်ရေခဲရေတစ်ခွက်ကိုထည့်နေကို မြင်နေရသည်။

"ဒီနေ့ကို မလာဘူးထင်တာလား မှိုင်း?"

ဇာမဏီလည်း အိမ်တံခါးကိုပိတ်ပြီးမှ ဆိုဖာပေါ်မှာထိုင်ရင်းပြန်မေးလိုက်တယ်။ ဟုတ်တော့ဟုတ်သည်မလား။ ၂ ရက်ဆက်တိုက်လာထားတော့ ဒီနေ့ထပ်လာမယ်လို့ မှိုင်းထင်မှာမဟုတ်ဘူးလေ။

"မဟုတ်ဘူး နောက်ထပ် ဒီကိုထပ်မလည်လို့ဘူးလို့ ထင်နေတာ ဇာမဏီ"

မှိုင်းရဲ့စကားကို ဇာမဏီနားမလည်ပါ။ ဘာကိုဆိုလိုတာလဲ။ သူအမှားတစ်ခုခုလုပ်မိလို့များ မှိုင်းတစ်မျိုးထင်သွားသည်လားလို့ ရုတ်တရက်တွေးမိရင်း ထူပူသွားရသည်။

အနီမှိုင်းမှိုင်းDonde viven las historias. Descúbrelo ahora