ဇာမဏီတို့နဲ့ ရှင်းမသွားဖြစ်ပေမဲ့ ဝင်းသော်ဦးနဲ့တော့ သွားဖြစ်ခဲ့သည်။ ပြောရလျှင် ဝင်းသော်ဦးနဲ့က သူငယ်ချင်းလိုပင်ဖြစ်နေပြီလေ။ ဝင်းသော်ဦးက ချစ်သေးလားဆိုရင် ချစ်တော့ချစ်ဦးမည်ထင်သည်။ ရှင်းက သူငယ်ချင်းလို နေမှ ဆက်ပြီးဆက်သွယ်မယ်လို့ပြောခဲ့တော့ ချစ်ကြောင်းတွေ ထပ်မပြောခဲ့တော့ပါ။
"မွေးနေ့ဆိုတာ သိပေမဲ့ အစ်ကို သတင်းမေးချင်တယ် ရှင်း အမေအခြေနေလေး"
"သူဟိုနိုင်ငံမှာ ကုနေမှာပေါ့"
"ရှင်း တကယ်ပဲ လိုက်မသွားတော့ဘူးလား"
"ဟင့်အင်း အခုလည်းနေ့တိုင်း အဆက်သွယ်ရှိနေတာပဲမလား သက်သာလာမှာပါ ရှင်းယုံတယ်"
ဝင်းသော်ဦးက သက်ပြင်းချ၏။ ဝင်းသော်ဦးပြောသည့် အမေဆိုသူသည် တခြားမဟုတ်ပါ။ ရှင်း၏ အမေရင်းသာ ဖြစ်သည်လေ။ Brain Tumors တဲ့လေ။ Brain Tumors က အခြား ကင်ဆာတွေလို ကင်ဆာဆဲလ်ပြန့်သွားတာမျိုးမဟုတ်ပဲ အကြိတ်အရွယ်စားနဲ့ ဖြစ်တဲ့နေရာပေါ်မူတည်တယ်တဲ့လေ။
အဆင့်နဲ့သတ်မှာရင် ဒေါ်အက္ခရာဖြူဟာ အဆင့် ၃ ရောက်စစမှာ သိခဲ့တာ။ ပြောရလျှင် အသိနောက်ကျသည်ပေါ့။ အစကတည်းက နောင်တတွေနဲ့ ရှင်းဆီ ပြန်လာဖို့ တွေးနေသူဟာ ဒီရောဂါရှိသည်ဟု ကြားပြီးချိန်တွင် ရှင်းဆီပြန်လာဖို့လုပ်ခဲ့သည်။ အဆင့် ၃ ဟာ အသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းပေမဲ့ အဆင့် ၄ လောက်တော့မဆိုးပါလေ။ ပြီးတော့ အဆင့် ၃ ဖြစ်ကာစမလား။ သူ့သွေးတစ်ဝက်တော်တဲ့ မောင်ဆိုတဲ့သူက နောက်တစ်ရက်လာပြီး ထိုအကြောင်းကိုပြောသည်လေ။
ရှင်း သူ့ကိုခွင့်မလွှတ်ပေးနိုင်ရင် သူ့အမေက ပြန်ဖို့အစီစဉ်မရှိကြောင်းကိုပေါ့။ ရှင်း လုံးဝခွင့်မလွှတ်ချင်ချင်၊ ဘယ်လောက်နာကျည်းကျည်း သူက ဆရာဝန်ဖြစ်လာရမယ့်သူလေ ဒီလိုမျက်ကွယ်မပြုချင်တာမို့ အလိုက်ထိုက်သာ ဆက်ဆံပေးရင် ပြန်ခိုင်းလိုက်သည်။ ရှင်းကိုလည်း ခေါ်ပေမဲ့ ရှင်းလိုက်မသွားခဲ့ပါ။ LA ကိုပြန်သွားပြီးနောက် နေ့တိုင်းလိုလို စကားတော့ပြောဖြစ်သည်။ ရှင်းကတော့ သိပ်မပြောပေမဲ့ နားတော့နားထောင်ပေးခဲ့သည်လေ။ ဖုန်းချခါနီးတိုင်း တောင်းပန်စကားပြောသည့် သူ့ကိုလည်း ကြာတော့ မမုန်းချင်တော့ပါ။ ချစ်ရတာ ပင်ပန်းသလို မုန်းတယ်ဆိုတာ ပင်ပန်းသည်လေ။ ထို့ကြောင့် နည်းနည်းအဆင်ပြေလာသည်လို့ဆိုမလား။
ESTÁS LEYENDO
အနီမှိုင်းမှိုင်း
Romanceမှိုင်းဆိုတဲ့ အမျိုးသမီးဟာ လျို့ဝှက်တယ်။ ပဟေဠိဆန်တယ်။ မှိုင်းအနားမှာနေရတာဟာ သင်္ချာပုဒ်စာတစ်ပုဒ်အဖြေရှာရတာထက် ပိုခက်ခဲလေရဲ့။ ထိုသို့ ပဟေဠိဆန်ပြီး နားလည်ရခက်တဲ့ အမျိုးသမီးကိုပတ်သက်ခဲ့မိတာဟာ ဝေဒနာတစ်လုံးတစ်ခဲ ထွေးပိုက်ရသလိုပေါ့။ အနီမှိုင်းမှိုင်း GL...