အခန်း {၅၆}

15.5K 1.1K 64
                                    

ဒီအိမ်ကြီးထဲခြေအစုံဝင်လာတော့ စိတ်ပျက်မှု အစုံကြောင့် သက်ပြင်းချမိသည်။ ဝင်ဝင်ခြင်း ဧည့်ခန်းထဲမှာ ထိုင်ရင်း စဉ်းစားနေသည့် ရဲသွေးမောင်ကို ဇာမဏီမြင်လိုက်ရသည်။

"မာန်လေး!!!"

ပထမတုန်းက သူ့အဖေဖုန်းတွေကို တမင်မကိုင်ခဲ့တာ အခုတော့ လတ်သူစကားကြားပြီးတဲ့နောက်မှာ ကိုင်ဖြစ်သည်ပေါ့။ ဖုန်းထဲမှာကတည်းက စိတ်တိုဟန်ပေါ်နေသည်က အခုလည်း သူ့ကို တွေ့ကတည်းက ဒေါသထွက်ကာ အော်လေသည်။ သို့သော် ဇာမဏီမကြောက်ပါ။ ကြောက်ခြင်းထက် ကိုယ်တစ်ချိန်လုံး လေးစားခဲ့ရသည့် အဖေဟာ တော်တော်ဆိုးရွားနေသည်ကို သိလိုက်ရတော့ စိတ်ပျက်မိသည်။ ဇာမဏီ သူ့ဒက်ဒီကို သိပ်စိတ်ပျက်သည်။

"ရစ်နွယ်မှိုင်းအကြောင်းပြောချင်လို့မလား။ မာန်မာန်လည်း အဲ့အကြောင်းပြောဖို့လာတာ မှိုင်း ကို မာန်မာန်လက်လွှတ်မှာမဟုတ်ဘူး"

"မေဇာမဏီမာန်!!"

"အဲ့လောက်အော်နေစရာမလိုပါဘူး ဒက်ဒီ! မာန်မာန်နားထောင်နေတယ်လေ"

"အဲ့မိန်းမနဲ့ အဆက်သွယ်ဖြတ်ပါ။ သူနဲ့မှ မဟုတ်ဘူး ဘယ်မိန်းမနဲ့မှ သမီးကို သဘောမတူနိုင်ဘူး မာန်မာန်! ဟိုဘက်ခြံက ကောင်လေးကိုမလိုချင်လည်း မာန်မာန်ချစ်တဲ့ ယောကျ်ားတစ်ယောက်ယူခွင့်ရတယ် ဘယ်လောက်အဆင့်တန်းနိမ့်နိမ့်၊ မြင့်မြင့်ရတယ် ဒါပေမဲ့ မိန်းမတစ်ယောက်ကိုတော့ မရဘူး အထူးသဖြင့် အဲ့ရစ်နွယ်ဆိုတဲ့ မိန်းမကိုမရဘူး!! အမေရဲ့ ခြေရာကို လိုက်မနင်းစမ်း"

အဆက်သွယ်က ပြတ်သွားပြီးပြီလေ။ ပြီးတော့ သူ့အဖေက အချစ်ကြောင်းကို နားမလည်သေးဘူးပဲ။ ယောကျ်ားနဲ့ မိန်းမပဲ ချစ်လို့ရတဲ့အသိက ဘယ်ခေတ်မှာကျန်ခဲ့ပြီလဲ။

"မာန်မာန်ချစ်တဲ့သူက တစ်ယောက်တည်း ဒက်ဒီ! အဲ့ဒါ မှိုင်းကိုပဲ မှိုင်းကိုမှ လွဲရင် ဘယ်သူ့ကိုမှ မယူနိုင်ဘူး။ မာန်မာန့်ဘဝကို ဒက်ဒီ ဝင်စွက်ဖက်ဖို့မကြိုးစားပါနဲ့ ဒက်ဒီ မိန်းမတွေနဲ့ ဒက်ဒီ နေ..."

ဖြန်း။ 

ပါးကိုရိုက်လိုက်ပေမဲ့ ဇာမဏီက အရိုက်မခံပဲ ရှောင်လိုက်သည်မို့ ပါးအောင်မေးရိုးနားကို လက်ဖျားဖြင့်ရိုက်မိသွားသည်။ ရွယ်လိုက်ရင်တောင် ဇာမဏီ တော်တော်စိတ်ဆိုးမိမှာ အခုတော့ ဇာမဏီအံကြိတ်လိုက်ရင်း လက်ကို တင်းနေအောင်ဆုပ်ထားမိသည်။ သူ့အဖေကလည်းအခုမှ သူလွန်သွားသည်ကို ခံစားမိလိုက်တဲ့ရုပ်။ ဒါပေမဲ့ တောင်းပန်မည့်အခြေနေတော့မဟုတ်ပါ။ မသိချင်ယောင်ဆောင်လိုက်ခြင်းလေ။

အနီမှိုင်းမှိုင်းDonde viven las historias. Descúbrelo ahora