"ရှင်း ဘယ်ရောက်သွားလဲ"
"မသိဘူး ဒီနေ့ ဒိတ်ဖို့ချိန်းထားလို့ဆိုပြီး ထွက်သွားတယ်"
"ဘယ်လို!"
ကဗျာ့အဖြေကို ရှင်းအလိုမကျစွာပြန်ပြောမိသည်။ ဟိန်းနဲ့ သန့်ကတော့ သူတို့ယောကျ်ားလေးသူငယ်ချင်းတွေနဲ့ စကားပြောနေသည်။
"ခုနလေးတင် အတန်းရှေ့လာခေါ်သွားတာ"
"ငါမတွေ့လိုက်ဘူး ကဗျာ"
"သူပြောသွားပါတယ် နင်က စာကြည့်နေတော့ မကြားလိုက်တာ။ ဒါပေမယ့် သူ့အသံကလည်း တိုးလွန်းနေတာကို"
ဇာမဏီ စာကြည့်တယ်ဆိုတာ ပုံမှန်အလုပ်ပါပဲ။ အရင်က ရှင်းအဲ့လို ထသွားရင် သူသေချာပေါက်သိတာပေါ့။ ဒါပေမယ့် အခုလုံးဝကို မသိလိုက်တာ။ မှိုင်းနဲ့ တွေ့တဲ့အချိန်တွေမှာ လစ်ဟာသွားတဲ့စာကြည့်ချိန်တို့ကို ဒီအချိန်တွေမှာပဲပြန်ဖြည့်ယူရတာလေ။ အဲ့ဒါကြောင့် သူမကြားလိုက်သည်ဟု ကဗျာ ပြောပြောလိုက်ခြင်းက ထင်လိုက်မိသော်လည်း အခုပြောသည့်စကားအရ ရှင်းကိုက လေသံတိုးနေခဲ့တာကြောင့်ဆိုတာသူသိလိုက်ရသည်။
"ရှင်း တစ်ခုခုဖြစ်နေတာလား ကဗျာ"
"ဟင့်အင်း ငါလည်း မသိဘူး မာန်။ ငါလည်း သူတစ်ခုခုဖြစ်နေတယ်လို့ ခံစားရတယ်။ ဒါပေမယ့် ကံယံကံရှင်က ဘာမှမဖြစ်ဘူးပြောနေတော့ ငါလည်းဘာမှဆက်မေးမရဘူး"
ကဗျာ့စကားအရ ဇာမဏီ သိလိုက်ပါပြီ။ ကဗျာက ရှင်းကို မေးပြီးပြီလို့လေ။ ဒါပေမယ့် သူလည်း မနက်ကတည်းက ရိပ်မိနေခဲ့တာပါ။ ရှင်းက ပုံမှန်နဲ့ မတူပဲ တစ်ခုခုကို အကြာကြီးတွေးတောနေသလိုပါပဲ။ ရှင်း ဒီလောက်ထိုင်းမှိုင်းဖူးတာကို ဇာမဏီအခုမှ မြင်ဖူးခြင်းပါ။ ပြီးတော့ ကဗျာပြောသလိုပဲ ရှင်းရဲ့လေသံက ဒီနေ့ မကောင်းသည့်အပြင် စကားကို ရှင်းအလင်္ကာနဲ့မတူလောက်အောင်အထိ အနည်းငယ်သာပြောသည်။ အခုတော့ သူမကြားလောက်တဲ့အထိ တိုးလျတဲ့အသံဖြင့် ပြောသွားသည်တဲ့လား။ ရှင်းဘာဖြစ်နေသည်လဲ။
"ငါ ဖုန်းဆက်ကြည့်ဦးမယ်"
ဇာမဏီ စိတ်ပူစွာ ရှင်းဆီ ဖုန်းဆက်လိုက်တော့ ရှင်းဟာ မကိုင်ပါ။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် မြောက်အထိ ရှင်းက မကိုင်ခဲ့ပါ။ ဖုန်း Silent လုပ်ထား၍မကြားသည်လား။ ဖုန်းက လူနဲ့အဝေးမှာမို့ မကြား၍မကိုင်သည်လား။ ဒါမှမဟုတ် တမင်သက်သက်မကိုင်သည်လား။
VOCÊ ESTÁ LENDO
အနီမှိုင်းမှိုင်း
Romanceမှိုင်းဆိုတဲ့ အမျိုးသမီးဟာ လျို့ဝှက်တယ်။ ပဟေဠိဆန်တယ်။ မှိုင်းအနားမှာနေရတာဟာ သင်္ချာပုဒ်စာတစ်ပုဒ်အဖြေရှာရတာထက် ပိုခက်ခဲလေရဲ့။ ထိုသို့ ပဟေဠိဆန်ပြီး နားလည်ရခက်တဲ့ အမျိုးသမီးကိုပတ်သက်ခဲ့မိတာဟာ ဝေဒနာတစ်လုံးတစ်ခဲ ထွေးပိုက်ရသလိုပေါ့။ အနီမှိုင်းမှိုင်း GL...