အပိုင်း {၁၇}

14.6K 1.2K 103
                                    

ဇာမဏီရောက်တော့ မှိုင်းကသူဆင်းခဲ့မည်ဆို၍ဆင်းလာသည်။ မိုးရွာနေသည်မို့ ကားမောင်းသင်ရမည်ကို သိသည့်အလား မှိုင်းက ကြိုစောင့်နေသည်လေ။

"အို နေရာကြိုဖယ်ပေးထားမှပေါ့ အနီရယ်... မိုးကသည်းနေတာကို စိုကုန်ပါပြီ"

ကားမောင်းသင်ရမယ့်သူမို့ ကားမောင်းမည့်ဘက်ခြမ်းဘက်ကိုလာသော်လည်း ဇာမဏီကမဖယ်ထားပဲ မှိုင်းလာမှ ဖယ်ပေးသည်မို့ စိတ်ရှုပ်သွားဟန်ဖြင့်ပြောလာသည်။ ယုံကြမလားတော့မသိပေမယ့် မှိုင်းကလေ ပြုံးနေသည်မဟုတ်ပဲ ဒီလိုရှုံ့မဲ့နေတဲ့ ပုံလေးသည်လည်းလှပါ၏။ ပိုလို့တောင် လှမလားပဲ ဇာမဏီ့အတွက်ပေါ့လေ။

"တွေ့လား ဆံပင်ပါစိုကုန်ပြီ... အနီနှယ့်တော့ကွယ်"

"စိုကုန်လည်း အဲ့ဆံပင်တွေကို သုတ်ပေးမယ့် မှိုင်းရဲ့ငှက်လေးရှိသားပဲ ဘာအရေးလဲ"

ဇာမဏီ့စကားကြောင့် မှိုင်းပြုံးသွားသည်ကို ဇာမဏီမြင်ဖြစ်အောင်မြင်လိုက်ပေမယ့် မှိုင်းကတော့ ထိုအပြုံးလေးကို ဖုံးဖိရင်း ဇာမဏီကိုကြည့်လာသည်။

"အင်္ကျီတွေစိုကုန်တာကိုရော... အဲ့ဒါကိုကျ မှိုင်းရဲ့ငှက်ကလေးက ဘယ်လိုလုပ်ပေးမလဲကွယ် ဟင်"

ဇာမဏီ ပြုံးလိုက်ရင်း သူ့ရဲ့ ကုတ်လေးကိုချွတ်ကာ မှိုင်း၏ ပခုံးပေါ်တင်ပေးလိုက်သည်။

"လောလောဆယ် မချမ်းအောင် ဇာမဏီ့ကုတ်လေးပေးမယ်ဆိုရင် ခွင့်လွှတ်မယ်မလား"

"အဟွန်း လူလည်လေး...ထားပါတော့ ဒီလိုဆိုတော့လည်း သဘောထားကြီးကြီး ခွင့်လွှတ်ရမှာပေါ့"

မှိုင်းက ရယ်ရင်းပြောကာ ကားစက်သေထားသော ဇာမဏီ့ကားကို စက်နှိုးလိုက်သည်။

"အဲ့လိုသဘောထားကြီးတဲ့သူမို့ထင်တယ် အမြဲငေးကြည့်ချင်အောင်လှနေတာ"

ဇာမဏီ ခါးပတ်ပတ်ထားသည့် ကိုယ်လေးကို အနည်းငယ်စောင်းကာ ကားတံခါးဘက်ကိုမှီလိုက်ရင်းပြောလိုက်သည်။ ဒါဟာ မှိုင်းကားမောင်းနေရင် ဇာမဏီလုပ်မြဲလုပ်နေကြ။ မှိုင်းကိုယ်တိုင်က သူ့ကိုကြည့်ဖို့ခွင့်ပြုထားမှာတော့ သူက ဘာကြောင့်များ ခိုးကြည့်နေတော့မလဲ။

အနီမှိုင်းမှိုင်းWhere stories live. Discover now