မြေ့ ဆေးသောက်ပြီး ကုတင်ပေါ်လှဲလိုက်ရသည်။ သူ့ယောကျာ်းနဲ့ရန်ဖြစ်ရင်တောင်ဆေးသောက်လောက်ရတဲ့အထိ စိတ်တိုရဖူးသည်ကရှား၏။ အခုဒီကလေးနဲ့မှတဲ့လား။ သူ့သူငယ်ချင်းအမေမှန်းသိတာတောင် ရိုင်းစိုင်းပုံက အံ့ဩစရာပါပဲ။ အမှန်တော့သူ့ဘက်က မတော်တဆတွေပဲဖြစ်သွားခဲ့ပေမယ့် ဒီကလေးမကတော့ သူ့ကိုတမင်နှောက်ယှက်နေခြင်းပါ။ မြေ့အတွေးတို့သည် ဒီကလေးမနှင့်စတွေ့ခဲ့သည့်အချိန်သို့ရောက်ရှိသွားခဲ့သည်။
ထို့နေ့က ရဲသွေးမောင်နဲ့ရန်ဖြစ်ခဲ့သည့်နေပင်။ ဒေါသထွက်နေသည့်နေမို့ကားအရှိန်တင်မိရာကနေ ထိုပြဿနာကို စခဲ့မိသည်ပေါ့။
"အိုး... သွားပါပြီ"
မြေ့ ကားဘရိတ်အုပ်လိုက်သော်လည်း မမီလိုက်ပေ။ သို့သော် ကံကောင်းသွားသည်က ကားခြင်းပွတ်မိသွားရုံတင်။
"ကျွတ်! ဒီနေ့က မြေ့လှိုင်းသွယ်ရဲ့ပြဿဒါးနေ့များလားကွယ် စိတ်ပျက်စရာအတိပဲ"
မြေ့စိတ်ရှုပ်ရှုပ်ဖြင့် ကားပေါ်က ပိုက်ဆံအိတ်ကိုယူကာ ကားပေါ်ကဆင်းလိုက်သည်။ မြေ့ကားပေါ်က ဆင်းလိုက်ချိန်တွင် ကားမောင်သူကလေးမသည် ကားပွတ်တဲ့နေရာကို ကြည့်ရင်းဗျာများနေသည့်ပုံ။ နောက်ထပ်ကောင်လေးတစ်ယောက်ကတော့ သူ့အနားရောက်လို့လာသည်။
"ဒီမှာ ခင်ဗျားကြီးကားကိုဘယ်လိုမောင်းတာလဲ... အသက်ကြီးရင်မျက်လုံးမှုန်ရင်လည်း ကားမမောင်းတော့ပဲ driver ခေါ်ပါ့လား!"
မြေ့ တောင်းပန်စကားမစဆိုခင် ရန်အရင်ထောင်တဲ့ထိုလူငယ်ကောင်လေးကြောင့် အရှိန်မသေသေးတဲ့ မြေ့ဒေါသတို့ကို မီးမြှိုက်ပေးလိုက်သလိုပါပဲ။ တော်ရုံဆို ထိုသို့ပြောခံရရင်တောင် မြန်မြန်ပြီးလို့ပြီးငြားတောင်းပန်ပြီး ကားတန်ဖိုး လျော်ကြေးကိစ္စတာဝန်ယူပေးမှာဖြစ်သော်လည်း အခုတော့။
"ဘယ်လောက်လျော်ရမလဲ မြန်မြန်ပြောချေ တို့အားမနေဘူး"
မြေ့ ခပ်ပြတ်ပြတ်ပြောလိုက်တော့ ထိုကောင်လေးဟာ မကျေနပ်ပဲ မြေ့ ပခုံးကိုတွန်းလိုက်သည်။ ခုခေတ်တွေဘယ်လောက်တောင်ရိုင်းစိုင်းလိုက်တဲ့ အပြုမူမျိုးတွေရှိနေတာလဲ။ မြေ့စိတ်တို့ထိန်းမရစွာပြောဖို့ပြင်လိုက်ပေမယ့်။
ESTÁS LEYENDO
အနီမှိုင်းမှိုင်း
Romanceမှိုင်းဆိုတဲ့ အမျိုးသမီးဟာ လျို့ဝှက်တယ်။ ပဟေဠိဆန်တယ်။ မှိုင်းအနားမှာနေရတာဟာ သင်္ချာပုဒ်စာတစ်ပုဒ်အဖြေရှာရတာထက် ပိုခက်ခဲလေရဲ့။ ထိုသို့ ပဟေဠိဆန်ပြီး နားလည်ရခက်တဲ့ အမျိုးသမီးကိုပတ်သက်ခဲ့မိတာဟာ ဝေဒနာတစ်လုံးတစ်ခဲ ထွေးပိုက်ရသလိုပေါ့။ အနီမှိုင်းမှိုင်း GL...