အခန်း {၄}

19.4K 1.3K 39
                                    

မနေ့က ဇာမဏီအိမ်ပြန်တော့ သူ့ချစ်လှစွာတော့ အမေက
နောက်ကျလို့ တဂျီဂျီပြောပါသေးသည်။ အကြောင်းကတော့ စိတ်ပူလို့မဟုတ်ပဲ သူ့အတွက်ဝယ်လာတဲ့ အသုတ်တွေအေးသွားလို့ပင်။ နောက်မှ နွေးစားလည်း ရနေသည်ပဲမလား။ အဲ့ဒါတွေ ဇာမဏီမကြိုက်တာ။

"မေမေရော"

မနက်စာ စားပွဲဝိုင်းမှာ မတွေ့တာကြောင့် အေမီကို မေးလိုက်သည်။ သူ့ဒယ်ဒီကတော့ သူနဲ့ သိပ်တွေ့ရတဲ့ အချိန်မရှိပါ။ အမေရော အဖေရောက အထူးကုဆိုပေမယ့်
အဖေက ပို၍မအား။ ဒါကိုသူက ပိုသဘောကျသည်။ အလုပ်ကို အလုပ်လိုဖိလုပ်တာသဘောပိုကျသည်။ သူ့အမေကတော့ အားတာနဲ့ ပြန်ပြန်လာပြီး သူ့ကို ဒုက္ခပေးဖို့ပဲ။ လူနာတွေကို ပိုစေသနာထားမယ်မရှိ။

"အရေးပေါ် လူနာရှိလို့ထင်တယ် မနက် အစောကြီးထွက်သွားတယ် နေတောင်မထွက်သေးဘူး"

အိမ်မှာအလုပ်လုပ်တဲ့ သူတွေဆိုတော့ အဲ့လိုအချိန်တွေနိုးတက်ကြတော့ သူ့အမေထွက်သွားတာကို မြင်လိုက်တာ ဖြစ်နိုင်သည်။

"အဲ့ဒါဆို ခါတိုင်းလို ပေါင်မုန့်ကြက်ဥညှပ်လုပ်ပေးပါ မြန်မြန်လေးနော်"

"လုပ်ထားပြီးပါပြီ အခုလေးတင်ပြီးတာ အေမီကြောင့် တန်ဖိုးရှိတဲ့ အချိန်တွေ မလျော့စေရပါဘူးနော်"

"အဲ့ဒါကြောင့် အေမီကို ချစ်တာ"

"ဒီကောင်မလေး တော်တော်တက်"

မနက်စာစားပြီးသည်နဲ့ ဇာမဏီကျောင်းကိုသွားရဦးမည်။ ဇာမဏီ ကျောင်းကို ဖက်တွယ်ခဲ့တဲ့ အချိန်က ဘယ်ချိန်တုန်းကပါလဲ။ သူ့အသက် ဆယ်နှစ်လောက် အင်း ငါးတန်းလောက်အထိကို သူနောက်ဆုံးကရေရင် 1 to 5 ဝင်ခဲ့တာကို မှတ်မိသေးသည်။

အဲ့နောက်ပိုင်းမှ စားသောက်ဆိုင်မှာ အသက်ရှူမရတဲ့လူနာကို သူ့မျက်စိရှေ့တွေကယ်ခဲ့တဲ့ အဖေကိုကြည့်ရင်းနဲ့မှ သူဆရာဝန်သိပ်ဖြစ်ချင်သွားခဲ့တယ်ထင်ပါရဲ့ အဲ့ကတည်းက ကျောင်းကိုချစ်ပြီး စာတွေကို ချစ်လာခဲ့တာ အခုထိပင်။ အဖျားအရမ်းမကြီးရင်တောင် ကျောင်းကို ရောက်အောင်သွားတဲ့ သူက အခုတော့ ကျောင်းပျက်ချင်စိတ်တို့ မနေ့ကတည်းက ဝင်နေသည်။

အနီမှိုင်းမှိုင်းTahanan ng mga kuwento. Tumuklas ngayon