အခန်း {၃၀}

15.7K 1.2K 33
                                    

ဇာမဏီ ဒီနေ့စောစောနိုးလာသည်။ ပြောရရင် ရှင်းကို ပြန်ပို့ရင်း မှိုင်းဆီဝင်ဖို့လေ​။ မနေ့က ရှင်းက အိမ်မှာလာနေပေမယ့် ဇာမဏီ သိပ်တောင် ဧည့်မခံလိုက်ရပါ။ ဇာမဏီ ရေချိုးမှာမို့ ဖုန်းချပြီးနောက်ပိုင်းထိ ရှင်းအောက်ရောက် နေတာမသိပဲ ရေအေးဆေးချိုးလိုက်ပါသေးသည်။

ဇာမဏီ ရေချိုးမှာမို့ ဖုန်းချပြီးနောက်ပိုင်းထိ ရှင်းအောက်ရောက် နေတာမသိပဲ ရေအေးဆေးချိုးလိုက်ပါသေးသည်။ ဒါပေမယ့် သူရေချိုးပြီးနောက် ရှင်း အခန်းထဲသွားကြည့်တော့ ရှိမနေသည့်အတွက် အောက်ဆင်းကြည့်မှ အေမီပြောလို့ ခြံထဲမှာမှန်းသိခဲ့ရသည်။ ဇာမဏီ ညစာစားဖို့သွားခေါ်ရန်ပြင်တော့ သူ့မေမေကိုပါ ရှင်းနဲ့အတူ တွေ့ခဲ့ရသည်လေ။

ဒန်းပေါ်မှာ နှစ်ယောက်သား ထိုင်ရင်း စကားကောင်းနေကြသည့်ဟန်။ ဒါက အံ့ဩစရာမဟုတ်လား။ ပိုဆိုးသည်က သူ့အမေက ရှင်း အားပါပါပြောနေသည့် စကားများကို နားထောင်ရင်း ပြုံးနေသည်တဲ့လေ။ သူရေချိုနေတဲ့ အချိန်လေးအတွင်း ဘယ်လိုအလှည့်ပြောင်းဖြစ်သွားလဲတော့ မသိပါ။ ဒါပေမယ့် ဒီလိုအဆင်ပြေနေတာမြင်တော့ သူဝင်မရှုပ်ချင်ပါလေ။ မှိုင်းဆီ ထပ်ဆက်ဖို့ကလည်း ရှင်းနဲ့ သူ့အမေ စကားဝိုင်းက ပြီးသွားရင် မှိုင်းနဲ့သူ စကားပြောနေတာက ဆန့်တငင်ငင်ဖြစ်ပြီး ဖုန်းချရဦးမယ်။ အဲ့ဒါကြောင့်
အခန်းထဲ ပြန်ဝင်ရင်း သူထိုးလက်စ မာဖလာလေးကိုသာ ဆက်ထိုးလိုက်တော့သည်။ ပြီးတော့ သူပြုံးလိုက်မိပါ၏။
ဒီမာဖလာလေးတောင် ပြီးတော့မည်လေ... ပြီးမယ့်ပြီး မနက်ဖြန်ကျရင် မှိုင်းကိုပေးဖို့ယူသွားတော့မည်။

"အား ညောင်းလိုက်တာ"

ဒေါက်။ ဒေါက်။

မာဖလာထိုးလို့လည်းအပြီး ဇာမဏီအကြောဆန့်နေတုန်း တံခါးခေါက်သံကြားလိုက်ရသည်မို့ ဇာမဏီထဖွင့်လိုက်သည်။

"ထင်ပါတယ်နင်လို့"

အခန်းရှေ့မှာ တံခါးလာခေါက်တဲ့သူက ရှင်းဖြစ်မယ်လို့ ဇာမဏီ တွက်ပြီးသား။ ဒါမှမဟုတ် အေမီ။ သူ့ကိုထမင်းစားဖို့ လာခေါ်တာလေ။ သူ့မေမေဆိုရင်တော့ တံခါးခေါက်သံထက် ခေါ်တဲ့အသံကို အရင်ကြားရလိမ့်မည် မဟုတ်လား။

အနီမှိုင်းမှိုင်းWhere stories live. Discover now