အခန်း {၄၄}

13.9K 1.1K 120
                                    

"ဒီနေ့အတွက် ကျေးဇူးနော် အလုပ်တွေရှုပ်နေလို့ အခုလိုမသွားခဲ့ရတာကြာပြီထင်တယ်"

"ရပါတယ် တီတီမြေ့သာ ရှင်းခေါ်တာကို လိုက်ခဲ့ပေးလို့ကျေးဇူးပါ"

"ဒါနဲ့ ကလေးမ နားကြပ်..."

"ထားလိုက်ပါတော့ဆို ဘယ်လောက်မှ မတန်ပါဘူး ပြန်ဝယ်လိုက်မယ်"

မြေ့မှာလည်း ထိုကလေးမရဲ့ ဖုန်းနှင့်အတူ ပြုတ်ကျသွားသည့် နားကြပ်ကို မမြင်လို့ တက်နင်းမိလို့် နားကြပ်ထိပ်တစ်ဖက်က ကျေသွားသည်လေ​။ သူတကယ် ရှင်း ပြုတ်ကျသွားတာကိုမမြင်လိုက်တာပါ။ တော်သေးသည်က ဖုန်းကိုမနင်းမိတာပေ။

"ဖုန်းရော ကွဲသွားသေးလား"

"မှန်မကွဲတော့ထိသွားပေမဲ့ ကျန်တာအကောင်းကြီးပါ"

"တို့ တစ်ခုပြန်ဝယ်ပေးပါ့မယ်... အဲ့နားကြပ်ကိုသာ လွှင့်ပစ်လိုက်တော့ လာ တစ်ခုခုသွားစားရင်း တို့ပြန်ဝယ်ပေးမယ်"

အခုရှင်းက မြေ့ကို ဆေးခန်းထိ ပြန်လိုက်ပို့နေထား၍ ဆေးခန်းရှေ့တွင်လေ။ ထို့ကြောင့် သူ့ကားနှင့် အတူ သွားရန် ပြောလိုက်ခြင်းပါ။

"ဟင့်အင်း ဒီ နားကြပ်က သူများပေးထားတာမို့ မပစ်တော့ပါဘူး။ ပြီးတော့ တီတီမြေ့လည်း မဝယ်ပေးပါနဲ့"

"အို တန်ဖိုးထားရတဲ့သူက ပေးထားတာလား တို့တောင်းပန်ပါတယ်ကွယ် ...ဒီနားကြပ်လေးက ဟောင်းနေတာတောင် ကလေးမ အခုထိနားထောင်နေကတည်းက သိသင့်တယ်"

မြေ့ကတကယ်အားနာသွားဟန်ဖြင့် ပြောသည်။ ဘာဆက်ပြောရမလဲ မသိလောက်တဲ့အထိ အားနာနေဟန်နဲ့ပေါ့။

"မွေးနေ့လက်ဆောင်ရထားတာပါ။ အဲ့လောက်တော့ အဖိုးမတန်ပါဘူး တီတီမြေ့ရဲ့။ အခုစုတ်သွားတော့ ပစ်ချင်ပစ်လို့ရတယ် ကဲပါ ရှင်း ဒါကိုပစ်လိုက်တော့မယ်နော်"

မြေ့ အံ့ဩသွားသည်။ ဒီကလေးက ပြောရင်း သူ့ဆေးဆိုင်ရဲ့ အမှိုက်ပုံးထဲ သွားထည့်တာမို့လေ။ အစက ဘာလုပ်မယ်မှန်းမသိလို့ တားချိန်တောင်မရလိုက်။ အခုတော့ အမှိုက်ပုံးထဲရောက်နေခဲ့ပြီ။

"အဲ့ဒါဆို ရှင်းပြန်ပြီ တီတီမြေ့။ ဒီနေ့တော့ ဘာမှလိုက်မစားတော့ဘူး ဒီလောက်ပြောနေတာ သူများကျွေးတာ မစားတတ်ပါဘူးဆို"

အနီမှိုင်းမှိုင်းWhere stories live. Discover now