အခန်း {၂၂}

14.4K 1.1K 56
                                    

ဘာလိုလိုနှင့်ရောက်လာသည့် ဟိန်းမွေးနေ့မို့ ဟိန်းတို့အိမ်၏ခြံထဲတွင်လူတွေ စုံနေသည်။ ဇာမဏိသိတဲ့သူတွေရှိသလို မသိတဲ့သူတွေလည်း များလှ၏။ ဆိုးသည်က ကလေးတွေတင်မဟုတ်ပဲ စီးပွားရေးလုပ်ငန်းရှင်တွေပါ ဖိတ်ထားပုံရသည်။ အဲ့သလောက်လိုလို့လား။

ထို့ကြောင့် ဇာမဏီ စိတ်ရှုပ်လာရတယ်။ မှိုင်းနှင့် မတွေ့ရလို့ ညစ်နေသောစိတ်သည်အခုတော့ စိတ်ပျက်သည့် အဆင့်ရောက်နေပြီ။

"ရှင်းမရောက်လာသေးဘူးနော် မာန်"

"အင်း မင်းသန့်လည်းမရောက်လာသေးဘူး"

ကဗျာမေးလာတော့မှ ဇာမဏီလည်း ဖုန်းဆက်ဖို့ပြင်လိုက်ရတော့သည်။ အခုဒီဝိုင်းမှာ သူတို့နှစ်ယောက်မရောက်လာသေးတော့ သူနဲ့ ကဗျာသာ ရှိသည့်အတွက် ပျင်းခြောက်ခြောက်ဖြစ်နေရ၏။ ဟိန်းသည်လည်းမွေ့နေ့ရှင်မို့ သူတို့ဝိုင်းမှာပဲ ကပ်နေလို့မရဘူးလေ။

"ဟယ်လို"

"ဟယ်လိုမနေနဲ့ ငါတို့ရောက်ပြီ"

ရှင်းဟာသူတို့ဝိုင်းကို ဝင်ထိုင်ရင်းပြောလာသည်။ ဒါဆို ဖုန်းမကိုင်တော့ပဲ တစ်ခါတည်းဝင်ထိုင်လိုက်ပါ့လား။ အလကားနေရင်း ဘေလ်ဖြုန်းတီးရေးလုပ်သွားသေးသည်။

"ဟိန်းရော မာန်"

"နင်တို့နှစ်ယောက်က တူတူလာတာလား"

သူတို့ဝိုင်းကို ဝင်ထိုင်ပြီးမေးတဲ့ သန့်အမေးကို မဖြေပဲ ဇာမဏီ ထပ်မေးလိုက်သည်။

"ဟင့်အင်း ခေါင်းဖြူနဲ့က ခြံဝမှာတွေ့တာ"

"ခွေးကောင်!"

မင်းသန့်စကားကြောင့် ရှင်းဟာ ဆဲရင်း သန့် ခေါင်းကိုဖတ်ခနဲအသံမြည်တဲ့ထိရိုက်လိုက်သည်။

"နာတယ်ဟ!"

"အပြောဆို ဆင်ခြေစမ်း! အလှပပျက်တယ်"

ရှင်းအပြောဆိုကြောင့် ဇာမဏီပြုံးလိုက်မိသည်။ ရှင်းက ဒီနေ့တကယ်ပဲလှနေပါသည်။ အဲ့လိုပြောလို့ အရမ်းပြင်ဆင်လာခြင်းမဟုတ်ပါ။ ဂါဝန်ဖြူပေါ့ပေါ့ပါးပါးလေး တစ်ထည်သာ ဝတ်လာပြီး ရွှေရောင်ညှပ်ဖိနပ်လေးပဲစီးလာသည်ပါ။ သို့သော် သူ့ဆံပင်ရောင်နဲ့ကဟက်၍ တော်တော်လေးလိုက်ဖက်နေပါသည်။

အနီမှိုင်းမှိုင်းWhere stories live. Discover now