အခန်း {၁၆}

14.7K 1.1K 100
                                    

"ငှက်လေး တို့ကို ကားမောင်းသင်ပေးမလားဟင်"

မှိုင်းစကားကြောင့် ဘာမှထပ်မပြောနိုင်တော့သည့် ဇာမဏီကို မှိုင်းမှ ထပ်ပြီးပြောလာပြန်သည်။ မှိုင်းသည် ရုတ်တရက်ကြီး ဘဝဖြစ်ပြန်ပြီလဲ။

"တို့အိမ်မှာလာပြီး အချိန်ဖြုန်းမယ့်တူတူ အကျိုးရှိတာလေး တစ်ခုလောက်သင်ပေးရင် အချိန်ဖြုန်းတာ ပိုကောင်းမယ်ထင်လို့... တစ်ချိန်လုံးအိမ်မှာပဲနေနေရတော့ အပြင်လည်းထွက်ဖြစ်တာပေါ့ကွယ်"

ဇာမဏီ စကားမဟခင်မှာပဲ မှိုင်းက အကြောင်းပြချက် လုံလုံလောက်လောက်ကိုပေးလိုက်တယ်။ ဒါပေမယ့် စိတ်ကြီးဝင်စွာပဲ ဇာမဏီ့ကြောင့်လို့ခံစားမိနေပါသည်။ မှိုင်းက သူ့အိမ်ကိုအမြဲလာနေတဲ့ဇာမဏီကို တဖြည်းဖြည်းပျင်းလာမှာ စိုးရိမ်နေသည့်ပုံပင်။

"ဘာလို့လည်း ငှက်ကလေး မသင်ပေးချင်လို့လား... တို့နေ့တိုင်းမသင်ခိုင်းပါဘူးကွဲ့။ မိုးရွာတဲ့ရက်တွေမှ သင်ပေးပေါ့ကွယ် နော်"

အခုချိန်ထိ မှိုင်းဆီကပဲ တတွတ်တွတ်ပြောနေတာပါ။ အခုနောက်ဆုံးပြောတဲ့ မှိုင်းစကားမှာတော့ ဇာမဏီရယ်လိုက်မိသည်။ မိုးက တစ်ပတ်တစ်ချိန်တောင်သေချာမရွာပါပဲ မိုးရွာတဲ့အချိန်ပဲသင်ပေးပါတဲ့။ မှိုင်းနှယ့်တော့။

"မှိုင်းရယ် ဒီနှစ်မိုးရာသီနဲ့ သင်ရပါဦးမယ်... အခုတောင် ရှားရှားပါးပါးရွာနေတာ"

"တို့ကတော့ အတပ်သိနေတယ် ငှက်ကလေးသာ တို့ကို သင်ပေးမယ်ဆိုရင် ဒီမိုးဟာ တို့ကိုမျက်နှာလိုက်မှာ"

"မှိုင်းကတော့ ပေါက်ပေါက်ရှာရှာ"

မှိုင်း၏ စကားကစနောက်ခြင်းလို့ယူဆပြီး ဇာမဏီ ရယ်ရင်းပြန်ပြောလိုက်ပေမယ့် မှိုင်းကတော့စနေပုံမဟုတ်။

"မယုံရင်သင်ပေးပေါ့ကွယ်"

"မှိုင်းက တကယ်သင်ချင်ရင်တော့ ဇာမဏီ သင်ပေးမှာပေါ့"

မှိုင်းက စနောက်နေတာမဟုတ်ပဲ အတည်ပြောနေတော့
ဇာမဏီလည်း စဉ်းစားနေစရာမလိုတော့ပါ။ ပြီးတော့ ဇာမဏီ ထပ်ပြီးတော့ဖြည့်ပြောလိုက်သည်။

အနီမှိုင်းမှိုင်းDonde viven las historias. Descúbrelo ahora