အခန်း {၇}

16.3K 1.2K 31
                                    

"ဟိုး ဟိုး ငိုတော့မငိုချလိုက်ပါနဲ့ ငှက်လေးရယ်"

မှိုင်းကပြောလည်းပြော လက်ကလည်း ဇာမဏီမျက်ရည်တို့ကိုသုတ်ပေးနေသည်။

"ကဲလာပါ အပေါ်တက်ရအောင် အပေါ်ရောက်မှ ဘာတွေဖြစ်လာလည်းရင်ဖွင့်ချင်ဖွင့်လှည့်ပေါ့ ငှက်လေး"

ဇာမဏီခေါင်းငြိမ်းပြလိုက်ပြီး မှိုင်းသုတ်ပေးလည်း ကျတာမရပ်သေးမျက်ရည်တို့ကို သုတ်နေတဲ့သူ့လက်လေးကို မှိုင်းက ဆွဲကိုင်ပြီး သူ့အိမ်သို့သွားရန် တာစူနေသည်။ ဒီတစ်ခါမှာတော့ မှိုင်းက အင်္ကျီစလေးကိုမဆွဲတော့ပဲ သူ့လက်ကို ရဲတင်းစွာကိုင်လာသည်ပဲ။

"အဲ့မှာမထိုင်နဲ့တော့ ငှက်လေး အခန်းထဲတစ်ခါတည်းသွားလိုက်လေ စာအုပ်တွေရှိတော့ စိတ်ပြေလုပြေငြားပေါ့"

အိမ်တံခါးပိတ်နေတဲ့ မှိုင်းက ဆိုဖာပေါ်ထိုင်နေတဲ့သူ့ကို မထိုင်စေပဲ မှိုင်းရဲ့ သီးသန့်ကမ္ဘာထဲကိုသွားခိုင်းစေပြန်တယ်။ အမှန်ဆို သူလည်း အဲ့ကိုပဲ သွားချင်တာမလား။

"အဲ့ဒါဆို ဇာမဏီ အခန်းထဲမှာစောင့်နေပါ့မယ်"

"ဟုတ်ပြီကွယ်"

မှိုင်းက တံခါးပိတ်ပြီးတာနဲ့ အခန်းထဲက သူထိုင်နေတဲ့စားပွဲမှာ မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်၏။

"အို! မငိုပါနဲ့ပြောထားရက်နဲ့ ငှက်လေးရယ်"

ဇာမဏီက စိတ်ဓာတ်မာသော်လည်း သူချစ်တဲ့သူတွေနဲ့ဖြစ်ဖြစ် မြတ်နိုးတဲ့ပစ္စည်းတွေနဲ့ပတ်သက်လျင် မျက်ရည်လွယ်သည်။ သူ့ပုံစံက ထူးဆန်းနေမလားမသိပေမယ့် သူကတကယ်အဲ့လိုလူပင်။ ဥပမာအနေဆိုရင်ပေါ့ ဆရာ/ဆရာမ အဆူခံရုံမကလို့ ကျောင်းအုပ်ဆရာကြီးပါ လာဆူသွားလည်း သူမျက်ရည်ကျဖို့နေနေသာသာ ဘာမှမခံစားရပါ။ သို့သော် အဲ့ဆူလိုက်တဲ့ဆရာ/ဆရာမ ကသူလေးစားချစ်ခင်ရတဲ့သူသာဆိုရင် လေသံမာတာနဲ့တင်မျက်ရည်လွယ်၏။

အခုလည်းဒီလိုပါပဲ။ မိသားစုတစ်စုမှာ မိဘတွေရန်ဖြစ်တာက မဆန်းပေမယ့် ဇာမဏီတို့အိမ်မှာတော့ ဆန်းပါသည်။ ဘာလို့လဲဆိုတော့ သူ့ဒယ်ဒီက အမြဲ အလျော့ပေးခဲ့လို့လေ။ အခုတော့ ရန်ဖြစ်တဲ့အဆင့်တင်မဟုတ်ပဲ ကွဲဖို့အဆင့်ထိကို အဆင့်တွေလွန်ကုန်တာဟာ ဇာမဏီအတွက် တကယ်ခံရခက်မဟုတ်လား။

အနီမှိုင်းမှိုင်းWhere stories live. Discover now