အခန်း {၁၈}

14.6K 1.1K 95
                                    

"မှိုင်း"

ဇာမဏီတိုးညှင်းစွာခေါ်လိုက်မိတော့ မှိုင်းသည် ခါးပတ်လေးကို လွှတ်လိုက်ရင်း သူ့ဘက်ကြည့်လာသည်။

"မှိုင်း...။ ကျွန်မလေ..."

"ဟင့်အင်း"

မှိုင်း၏ သွယ်လှသော လက်ချောင်းလေးများသည် ဇာမဏီနှုတ်ခမ်းပေါ်သို့ကျရောက်လာကာ ဆက်မပြောစေရန် ဟန့်တားခြင်းကိုခံလိုက်ရသည်။

"မပြောပါနဲ့ဦးလားကွယ်။ အခွင့်ကြုံလို့ပြောတာမျိုး မဟုတ်ပဲ အဆင်သင့်ဖြစ်တဲ့တစ်ချိန်ရောက်လာမှ ဒီစကားကိုပြောစေချင်တယ်။ ငှက်ကလေး အခုထိအဆင်သင့်မဖြစ်ခဲ့ဘူးမလား ဒါကြောင့် မပြောပါနဲ့ဦးကွယ် နော်"

မှိုင်းက သူဘာပြောလာမလဲဆိုတာကို သိနေခဲ့သည်။
ဒါဆို မှိုင်းသည် သူတစ်ချိန်လုံးစိတ်ဝင်စားနေခဲ့သည်ကို သိနေသည်ပေါ့။ ဒါဟာ ဘယ်လောက်ရှက်ဖို့ကောင်းလိုက်သလဲ။ ဇာမဏီအခုမှ စချစ်ဖူးတာသိသာလိုက်တာ။ လူတစ်ယောက်ကို ချစ်ကြိုက်နေတာတောင်ဖုံးဖိမထားနိုင်ပဲ သတိထားမိစေတယ်။ သို့သော်လည်း ဇာမဏီ့ညံ့လို့ချည်းပဲ မဟုတ်...မှိုင်းအကဲခတ်တော်တာကြောင့်လည်းဖြစ်နိုင်ပါသည်။

"မှိုင်း ဆင်းနှင့်မယ် ငှက်လေး"

မှိုင်းသည် သူမပါးပြင်ထက်က မျက်ရည်စက်တစ်ချို့ကို သုတ်ရင်း ကားပေါ်က ဆင်းဖို့ပြင်သည်။

"ခဏလေးနေပါဦး မှိုင်း"

ဇာမဏီ လက်ခံပါသည်။ မှိုင်းပြောသည့် စကားကို ဇာမဏီ လက်ခံပါသည်။ မှိုင်းပြောသလိုပဲ မှိုင်း၏ စကားကြောင့် မှိုင်းလည်း သူ့အပေါ်ထားသည့် ခံစားချက်တစ်ချို့ကို သူတွေ့လိုက်ရ၏။ ဒါကြောင့် အခွင့်ကြုံတုန်း ဇာမဏီဖွင့်ပြောဖို့ ကြံရွယ်လိုက်ပေမယ့် တကယ်တော့ ဇာမဏီ ဖွင့်ပြောဖို့အဆင်သင့်မဖြစ်ခဲ့သေးဘူးမလား။ ဇာမဏီ့အတွက် မှိုင်းကို ဖွင့်ပြောဖို့မယ့်နေ့က ဒီနေ့တော့ လုံးဝမဟုတ်တာ သေချာ၏။

ဒါကို မှိုင်းလည်း သိပုံပေါ်သည်လေ။ မှိုင်းဆီက သဘောထားကို သိရပေမယ့် ဖွင့်ပြောခွင့်မရတာက နည်းနည်းတော့ နေရခက်၏။ သို့သော်လည်း ဇာမဏီ အခွင့်ကောင်းမယူချင်ပါ။ မှိုင်းဆီက ဒီလိုစကားကိုကြားရတာနဲ့တင် သူ့အတွက်လုံလောက်နေပါပြီ။ ဒါပေမယ့် သိပ်မကြာခင်မှာတော့ သူဖွင့်ပြောတော့မည်။

အနီမှိုင်းမှိုင်းTahanan ng mga kuwento. Tumuklas ngayon