အခန်း {၁၁}

15K 1.1K 47
                                    

ဒေါက်...ဒေါက်...ဒေါက်။

စိတ်အာရုံတို့ကို စုစည်းပြီး သေချာစာလုပ်လို့ရပြီဆိုမှ အဖျက်တို့က ဝင်လာသယောင်။ ဘယ်သူတံခါးလာခေါက်တာလည်းလို့တွေးမိရင်း အရင်လို ဇာမဏီ့မေမေများဖြစ်နေလားအတွေးနဲ့ ဘယ်သူလဲဆိုတာတောင်မမေးမိပဲ
ထကာ တံခါးကို ပြေးမတက်ဖွင့်မိသည်။

"ဪ အေမီပဲ ဘာကိစ္စရှိလို့လဲဟင်?"

"အောက်မှာ မာန်မာန့်သူငယ်ချင်းတွေရောက်နေတာ အဲ့ဒါ အေမီ တက်လာခိုင်းလိုက်ရမလား"

"သူငယ်ချင်းတွေ?"

မာန်မာန့်ကောင်လေးလို့မပြောပါပဲ သူငယ်ချင်းတွေလို့ပြောပုံထောက်ရင် ရှင်းနဲ့ ကဗျာတို့ပါပါလာတာများလား။ ဇာမဏီ ခပ်မြန်မြန်လေးအောက်ဆင်းပြေးကြည့်တော့ ရှင်း၊ ကဗျာတင်မကပဲ မင်းသန့်ပါပါတော့ သူတို့အဖွဲ့လူစုံနေ၏။

ဟိန်းကလွဲရင် တခြားလူတွေက အိမ်ရဲ့ ဧည့်ခန်းကိုစပ်စုစွာ ပတ်ကြည့်နေကြသည်။ ကြည့်တာလည်းဖြစ်သင့်ပါတယ်။ သူတို့မှ ဇာမဏီ့အိမ်ကို တစ်ခါမှ မရောက်ဖူးတာကို။

"နင်တို့ဘာလာလုပ်တာလဲ"

လှေကားပေါ်ကဆင်းလာတာတောင် မမြင်ပဲစပ်စုနေကြတဲ့ ရှင်းတို့က ဇာမဏီ့အသံကြားမှ လှေကားဘက်ခြမ်းကို လှည့်ကြည့်လာသည်။ ဟိန်းကလည်း ဖုန်းကို အာရုံရောက်နေရာမှ ဇာမဏီ့အသံရှိရာကိုချက်ချင်းလှည့်လာတော့၏။

"နင်ကရော ဘာလို့ကျောင်းပြေးတာလဲ"

သူ့အမေးကို ချက်ချင်းပဲ ရှင်းကပြန်ပြောလေတယ်။ ရှင်းကလေ စွာလိုက်တာ တစ်ထစ်တည်းရှိစွာဖို့ပဲ။

"နေမကောင်းလို့လား မာန်"

"တကယ် နေမကောင်းတာလား မျက်နှာလည်းမကောင်းပါလား မာန်"

ကဗျာဆီမှလည်း အသံထွက်လာသလို ကဗျာ့လိုပဲ မင်းသန့်ဆီမှာလည်း စိတ်ပူဟန်ရှိသော စကားစံထွက်လာသည်။ ဟိန်းကတော့ ဘာမှ မပြောနေတော့ပဲ အကဲပိုစွာ ဇာမဏီ့အနားရောက်လာပြီး နဖူးတို့ပါးပြင်တို့ကို အဖျားရှိလား လာစမ်း၏။

"ကိုယ်တော့ မပူဘူး... ဘာဖြစ်နေတာလဲ မေ...။ ကိုယ့်ကိုယ်ပြော"

​ဟိန်းက ဇာမဏီပါးပြင်လေးနှစ်ဖက်ကို သူ့လက်နှစ်ဖက်နဲ့ အုပ်ကိုင်ရင်းမေးလာသည်။ အရင်ကဆိုဒါက သာမန်ဆိုပေမယ့် အခုတော့ ဇာမဏီ ဒီထိတွေ့မှုကိုမကြိုက်ချင်တော့။ ဟင့်အင်းကြိုက်ကိုမကြိုက်တော့တာပါ။ ထို့ကြောင့် ဟိန်းလက်လေးကို ဖြည်းညှင်းသွာဖယ်လိုက်သည်။

အနီမှိုင်းမှိုင်းDonde viven las historias. Descúbrelo ahora