Chapter(1)Uni

2.7K 45 1
                                    

လမိုက္ည......

ကြယ်မရှိတဲ့ကောင်းကင်က ပို၍အမှောင်ထုကို အသက်ဝင်စေနေတော့ ပတ်ဝန်းကျင်ကိုကောင်းစွာမြင်နိုင်စွမ်းမရှိလေတဲ့အထိ
ညကမှောင်မှိက်နေလေတယ်။

သို့သော် အမှောင်ထုကို ဂရုမစိုက်စွာ သည်းကြီးမည်းကြီးကိုပင်  ပြေးလွှားနေတဲ့လူနှစ်ယောက်က ရှိနေလေတယ်။

တိတိကျကျဆိုလျှင် တယောက်က ရှင်သန်
ခွင့်လွတ်မြောက်ခွင့် ဟူသောမျှော်လင့်ချက်
ဖြင့် သူတတ်စွမ်းနိုင်သလောက်မြန်ဆန်စွာပင်ထွက်ပြေးနေသလို၊ နောက်ကလိုက်လာသူကတော့လွတ်မြောက်ခွင့်မပေးနိုင်တဲ့ လျှင်မြန်မှုမျိုးနဲ့လိုက်နေရင်းက မကြာခင်အတွင်းမှာပင် ပြေးနေသူကိုတဖြေးဖြေးမှီလာခဲ့တယ်။

ဒါကို ပြေးနေတဲ့သူကလည်း ရိပ်မိပုံပါပဲ ဒါမှမဟုတ် အစောကတည်းက သူမလွတ်နိုင်မှန်းကို သူသိနေခဲ့ပြီးသားပါ။ ဒါဆို ဘာအတွက်ကြောင့် သူပြေးနေခဲ့သေးတာလဲ သူ့ရဲ့မျှော်လင့်ချက်ကဘာလဲ၊ တကယ်တော့ ပြေးနေသူကော လိုက်နေတဲ့သူနှစ်ဦးစလုံးက မိန်းကလေးတွေသာလျှင်ဖြစ်လေသည်။

မကြာခင်ပဲ နောက်ကလိုက်တဲ့မိန်းကလေးက ရှေ့ကပြေးနေတဲ့ မိန်းကလေးရဲ့အနားကိုရောက်ရှိလာပြီး.....

"နင်မလွတ်နိုင်မှန်းသိနေတာပဲ စင်သီယာ.."

စင်သီယာ..ဆိုသူက ပြေးနေတဲ့ သူမရဲ့ခြေလှမ်းတွေကို ရပ်တန့်လိုက်သလို နှုတ်ခမ်းကိုလည်း အသက်မဲ့စွာပြုံးလျက်က.......

"ငါသိပါတယ် ယူရီ.. ငါ့နောက် နင့်ကိုလွှတ်လိုက်ပြီဆိုကတည်းက ဒါငါ့ရဲ့အဆုံးသတ်ဆိုတာလည်း ငါသိတယ်"

"ငါငြင်းချင်ခဲ့ပါတယ် စင်သီယာ.. ဒါပေမယ့်....ငါ...ငါလွန်ဆန်လို့မရဘူးလေ"

"ယူရီ..ရပါတယ် ငါနားလည်ပါတယ်၊ ကဲပါ နင့်အလုပ်ကို အပြီးသတ်လိုက်ပါ"

ယူရီ..က စင်သီယာ့..ရှေ့တည့်တည့်မယ်ရပ်လိုက်ပြီး.....

"ဘာလို့လဲ စင်သီယာ.. နင်ဘာလို့အခုလိုအခြေအနေထိလုပ်ပစ်တာလဲ"

"ငါနင့်ကိုပြောပြလည်း နင်နားလည်မယ့်အရာမှမဟုတ်တာ ယူရီ..ရယ် နင်မှမဟုတ်ဘူး ကျန်တဲ့သူတွေအကုန်လုံးလည်း နားလည်နိုင်မှာမဟုတ်ဘူး၊ အေး နားလည်သွားရင်လည်း အခုလို ငါ့အခြေအနေနဲ့ကြုံတွေ့ကြရမယ်မလား"

Love Then LoveWhere stories live. Discover now