Chapter (24)Uni

100 8 2
                                    

အခန်းရဲ့အကျယ်အဝန်းက လိုအပ်တာထက်ပို၍ကြီးမားကျယ်ပြန့်နေပေမယ့် လိုအပ်လောက်တဲ့စကားတွေကိုသာပြောဆိုနေကြတဲ့ လူနှစ်ယောက်သာရှိလို့ တိတ်ဆိတ်ငြိမ်သက်ခြင်းက စိုးမိုးလို့နေတယ်။

"ဆာကီနာ့..ကို အမြန်ဆုံးတွေ့မှရမယ် ယူရီ.."

"မဒမ်က သူ့အိမ်ကနေပျောက်သွားတာဆိုတော့ ဒါက..."

"ရတယ် နင်လွတ်လွတ်လပ်လပ်ပြောနိုင်တယ်"

"အကြောင်းသိတဲ့သူဖြစ်နိုင်တယ်ထင်မိလို့ပါ မားမား"

"အင်း...မကြာသေးခင်က Kenganနည်းတွေနဲ့ပုံမှားရိုက်တဲ့ကိစ္စတွေမယ် ဆာကီနာ..နဲ့ငါတို့လည်း အဲ့လိုပဲထင်လို့စောင့်ကြည့်နေခဲ့တာ ၊အခုကိစ္စက ဒါကိုရိပ်မိသွားလို့ ဖြစ်လာတဲ့နောက်ဆက်တွဲများလား"

"ယူရီ..နားမလည်ဘူး"

"အင်း နင်လည်းသိသင့်ပါတယ် ဒီလိုပါ ရန်သူက ငါတို့နဲ့ယာကူဇာတွေကြားကိုဝင်ချင်နေတယ် ဒီတော့သိသာစေတဲ့ ပုံမှားရိုက်နည်းကိုအသုံးပြုလာတယ်"

"ဒါဆို ယာကူဇာတွေဘက်ကကော...."

"အင်း အမြန်ဖြေရှင်းဖို့ ဖိအားပေးလာပြီလေ ခုထိဘာမှစုံစမ်းမရဘူး ဖြစ်နေတယ်"

"ဟုတ်"

"နင်ပြောတဲ့မိန်းမက အဲ့အဖွဲ့ကဆိုတာ သေချာလား"

"ဟုတ်ကဲ့ ပြီးတော့ အာမက်..အဖွဲ့ရဲ့ အလုပ်ကိစ္စကိုသိထားတယ်ဆိုတော့ အစီအ
စဥ်နဲ့နည်းစနစ်ပိုင်းကောင်းတဲ့အဖွဲ့ဆိုတာသေချာတယ်"

"ငါနဲ့ဆာကီနာ့..ကတော့ ဒါက တခြားအိမ်တော်ရဲ့ စနက်လို့ ယူဆထားတယ်"

ပြောနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး မားမားကြီးမျက်နာက အတော်ကိုစိုးရိမ်နေပုံကိုမြင်နေရတာကြောင့် ယူရီဘာမှမပြောပဲငြိမ်နေလိုက်တယ်။ ယာကူဇာဘက်ကဖိအားပေးလာတယ်ဆိုတဲ့သဘောက မားမားကြီးရဲ့ ဥက္ကဌနေရာကို ထိခိုက်လာနိုင်တဲ့သဘောဆိုလည်းဟုတ်နေတယ်လေ။

"အဲ့ဒီအဖွဲ့ကို စုံစမ်းတဲ့တာဝန်ကို ဘယ်သူယူထားရတာလဲ မားမား အဲရစ်ကာ..ပဲလား"

"ဟုတ်တယ် အဲရစ်ကာ..တောင် စုံစမ်းရခက်နေတော့ နင်ပြောသလို တော်တော်တော့ကျစ်လစ်တဲ့အဖွဲ့မျိုးဆိုတာသေချာတယ်"

Love Then LoveWhere stories live. Discover now