ဂျပန်နိုင်ငံက ပန်းခြံတွေ အနားယူအပန်းဖြေ နိုင်တဲ့နေရာတွေ တော်တော်များပြားတဲ့နိုင်ငံတနိုင်ငံပင်ဖြစ်သည်။
ဆူမီဒါပန်းခြံ(Sumida park)
ယူရီ..က ဒီနေ့Dateရအောင်ပြောလာတော့ မနက်အစောကတည်းက ပြင်ဆင်ပြီး ချိန်းထားတဲ့ ပန်းခြံကို မယ်ရီ..အရင်ရောက်နေကာ ယူရီ့..ကိုစောင့်နေတာပေါ့။
ဒါပေမယ့် အခုလို Dateမယ်လို့ ယူရီ..ပြောလာတဲ့အခါမျိုးဆိုရင် မယ်ရီ..အရမ်းပျော်ရွှင်ရတယ်။ ဒါက ပုံမှန်ဆုံနေကြလိုမဟုတ်ပဲ တရက်လုံးကို နှစ်ယောက်အတူ အချိန်ကုန်ဆုံးဖို့အတွက် အထူးသဖြင့် မယ်ရီ..ကြိုက်တာလုပ်ဆိုတဲ့သဘောမျိုးပါ။
"မယ်ရီ..လေး စောင့်နေတာကြာသွားလား"
ယူရီ..က မကြာခင်ပဲရောက်လာပါတယ်။ အသားကပ် တီရှပ်လက်ရှည်နဲ့ဂျင်းဘောင်းဘီအပြာရင့်ရင့်ကို ထုံးစံအတိုင်းဝတ်ဆင်ထားသလို မာဖလာကိုလည်း ယူရီက အမြဲလိုလိုပတ်ထားတတ်သူပါ။ ဘေးခွဲ အီမိုဆံပင်စတိုင်နဲ့ မိန်းမတန်မဲ့ စနိုးခရင်မ်သာလိမ်းတတ်တယ်ဆိုတဲ့ ယူရီ..
မျက်နာက အပြုံးအရယ်မရှိသလို အမြဲတည်ကြည်နေတတ်တဲ့ ယူရီ..က သူမရဲ့ အပြုံးတွေကို မယ်ရီ့..တယောက်တည်းကိုသာပေးတတ်တဲ့သူ၊ ပြီးတော့ မယ်ရီ..နဲ့သာလျှင် သူ့ရဲ့ ရယ်မောပျော်ရွှင်နေတဲ့ မျက်နာကို မြင်တွေ့ရတတ်တဲ့သူပါ။
"မယ်ရီ.. ငေးလှချည်လား ဘာလဲ ကိုယ်အရမ်းမိုက်နေလို့များလား အဟင်း.."
"အွန်း အရမ်းလန်းနေလို့"
"Hmm.."
အရမ်းမိုက်နေလားမေးတော့ အရမ်းလန်းနေတယ်လို့ ပြန်ဖြေလိုက်တယ်။ အကယ်လို့ သင်က မိန်းခလေးချင်းသဘောကျတတ်တဲ့ မိန်းကလေးတယောက်သာဆိုလျှင် ယူရီ..က ထိပ်ဆုံးငါးယောက်နေရာမယ်ထားပြီးကို သင်ရွေးချယ်ချင်မယ့်လူမျိုးပါပဲ။
မယ်ရီ..ကတော့ ထိပ်ဆုံးကကိုပဲရွေးချယ်ထားသလို ပိုင်ဆိုင်ခွင့်ကိုလည်းရရှိထားတာမို့ ပိုပိုတိုးပြီး ယူရီ့..ကို ချစ်နေမိသူပါ။ အချိန်တိုအတွင်းဆိုပေမယ့် နှလုံးသားချင်းနီးနေတယ်လို့ကိုခံယူထားခဲ့ပြီးပေါ့လေ။
YOU ARE READING
Love Then Love
Romanceမီးနဲ့ရေလို ဘယ်လိုမှမအပ်စက်နိုင်တဲ့ ဆန့်ကျင်ဖက် ရှင်သန်မှုမျိုးနဲ့ဖြစ်တည်နေကြတဲ့ ဘဝနှစ်ခု..... အဲ့ဒီဘဝနှစ်ခုကို မိန်းကလေးနှစ်ယောက်က အချစ်တခုအတွက်နဲ့ပေါင်းစပ်ဖို့ ကြိုးစားကြရာဝယ်..... သူတို့နှစ်ယောက်အနေနဲ့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ရင်ဆို...