(ခနဲဆာဂီ နွေရာသီစံအိမ်)
ခနဲဆာဂီ နွေရာသီစံအိမ်က ခနဲရိုမိသားစုပိုင် နွေဦးရာသီချိန် အပန်းလာဖြေလေ့ရှိသည့် စံအိမ်တော်ကြီးဖြစ်သည်။ လတ်တလော ခနဲဆာဂီစံအိမ်တော်ကြီးသို့ ခေါင်းဆောင် ခနဲရို မီယိုကိုတို..ရောက်ရှိနေခြင်းကြောင့် လုံခြုံရေးစောင့်ကျပ်နေသူများပြည့်နှက်နေသည်။ မီယိုကိုတို..ကအပန်းလာဖြေခြင်းမဟုတ် ကိစ္စတခုကြောင့် ရောက်ရှိနေခြင်းသာဖြစ်သည်။
အသက်၅၀အရွယ် မီယိုကိုတို..က တိုကျိုတက္ကသိုလ်တွင် ပါမောက္ခတဦးဖြစ်သလို မျိုးရိုးအဆက်ဆက် ချမ်းသာကြွယ်ဝလာခဲ့သူ၊ တနည်းအားဖြင့်ဆိုရလျှင် နိုင်ငံရေး စီးပွားရေး ပညာရေး စတဲ့ နိုင်ငံတနိုင်ငံရဲ့ အရေးကြီးတဲ့နေရာမယ် နေရာရနေသူပင်။ ဒီလိုနေရာတွေကို ရိုးသားဖြောင့်မတ်တဲ့နည်းနဲ့သူရောက်ရှိနေခြင်းတော့မဟုတ်၊ မီယိုကိုတို..က ယာကူဇာဂိုဏ်းရဲ့လက်အောက်ခံအဖွဲ့အစည်းတခုဖြစ်သည့် နာဇာဂီဟုအမည်ရသည့် ဂိုဏ်းရဲ့ ဒုတိယခေါင်းဆောင်လည်းဖြစ်သည်။ ဒါကသူရဲ့မျက်နာဖုံးအောက်က မျက်နာအစစ်လို့ပဲဆိုရမှာပေါ့။
ခနဲဆာဂီစံအိမ်တော်ကြီးရဲ့အောက်တွင် မြေအောက်ခန်းတခုရှိသည်။ ယခု အဲ့ဒီမြေအောက်ခန်းထဲတွင် လူတယောက်အားထိုင်ခုံတခုံပေါ်၌ သံကြိုးတွေနဲ့ချုပ်နှောင်ထားကာ ထိုသူ၏စုတ်ပြတ်သတ်နေတဲ့သွင်ပြင်နဲ့ နှိပ်စက်မှုဒဏ်တွေကြောင့် သတိမေ့နေတဲ့ အချက်အလက်တွေအရ သူက ဒီစံအိမ်ရဲ့မိတ်ဆွေမဟုတ်တာတော့သေချာနေပါသည်။ ထူးခြားချက်ကတော့ ထိုသူ၏ ညာလက်က လက်ကောက်ဝတ်ကနေပြတ်နေခြင်းပင်။
<ဗွမ်း>
"ဟားးးးးး ဘာ..ဘာလဲဟ"
"ဘယ်လိုလဲ တာကီရို..အဆင်ပြေရဲ့လား"
"Ha haလုပ်ပါဦးနောက်တပုံးလောက် ခင်ဗျားကောင်တွေက ကျုပ်ကိုရေချိုးခွင့်တောင်မပေးဘူးဗျ တကိုယ်လုံး ယားယံနေတာပဲဗျာ"
"ရက်၄၀ရှိပြီနော် လ၄၀ နှစ်၄၀ ဘယ်လောက်ထိဖြစ်သွားနိုင်ဦးမလဲ ပျော်စရာကောင်းမှာပါ မဟုတ်ဘူးလား Hak hak"
"စိတ်ကူးတွေယဥ်နေပြန်ပြီ မာစတာ မီယိုကိုတို ကိုယ့်အသက်လည်း ကိုယ်ပြန်ကြည့်ပါဦး ဘာတဲ့နှစ်၄၀ဟုတ်လား lzanamiနတ်ဘုရားနဲ့သူငယ်ချင်းများဖြစ်နေလို့လား haha"
![](https://img.wattpad.com/cover/262039034-288-k904495.jpg)
YOU ARE READING
Love Then Love
Romanceမီးနဲ့ရေလို ဘယ်လိုမှမအပ်စက်နိုင်တဲ့ ဆန့်ကျင်ဖက် ရှင်သန်မှုမျိုးနဲ့ဖြစ်တည်နေကြတဲ့ ဘဝနှစ်ခု..... အဲ့ဒီဘဝနှစ်ခုကို မိန်းကလေးနှစ်ယောက်က အချစ်တခုအတွက်နဲ့ပေါင်းစပ်ဖို့ ကြိုးစားကြရာဝယ်..... သူတို့နှစ်ယောက်အနေနဲ့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ရင်ဆို...