Chapter(3)Uni

254 21 0
                                    

ဂျပန်နိုင်ငံဆိုတာက ဂိုဏ်းအဖွွဲ့အစည်းတွေ အင်မတန်မှပေါများလွန်းတဲ့ နိုင်ငံတနိုင်ငံဖြစ်သည်။ သာမာန္ကာလျှံကာ လူမိုက်အဖွဲ့လေးတွေကစပြီး စီးပွားရေးတိုင်းရေးပြည်ရေး နိုင်ငံရေးကိစ္စတွေအထိပါ ပါဝင်ပတ်သတ်နေတဲ့အထိ ဩဇာပေါက်သော အင်အားကြီးမားလွန်းသော ယာကူဇာဂိုဏ်းကဲ့သို့သော ဂိုဏ်းအဖွဲ့အစည်းတွေလည်းရှိသည်။

"Kengan"

Kenganဂိုဏ်းက အီဒိုခေတ်(edo)ကတည်းက တည်ရှိခဲ့တဲ့ဂိုဏ်း၊ ဒီအဖွဲ့အစည်းရဲ့ဖွဲ့စည်းတည်ဆောက်ပုံက တမူထူးခြားပါတယ်။ မျိုးရိုးဂုဏ်မြင့်မားသလို ငွေကြေးအင်အား၊လူအင်အားတောင့်တင်းတဲ့ မိသားစုငါးစုကိုအခြေတည်ကာ ကော်မတီဖွဲ့စည်းထားပြီး အဲ့ဒီထဲကမှ မိသားစုတစုက ဥက္ကဌတာဝန်ကိုယူ၍ အဖွဲ့ကိုဦးဆောင်ရတာပဲဖြစ်တယ်။

သူတို့ ဩဇာခံဆက်နွယ်နေတဲ့အဖွဲ့အစည်းကတော့ နာမည်ကျော် ဂျပန်ဂိုဏ်းအဖွဲ့အစည်းဖြစ်သည့် ယာကူဇာအဖွဲ့ဆီမယ်ပါ။ ယာကူဇာအဖွဲ့ရဲ့ထောက်ပံ့ပေးမှုအောက်ကနေ လိုအပ်တဲ့ အလုပ်ကိစ္စတွေကို Kenganကလုပ်ဆောင်ပေးရတယ် တခြားတော့မဟုတ်ပါဘူး လုပ်ကြံသတ်ဖြတ်ရတဲ့အလုပ်တွေပါပဲ။

Kenganကို အလုပ်ကိစ္စအတွက် လူတိုင်းငှားနိုင်တဲ့အခွင့်အရေးမရှိပါဘူး။ ဒီတော့ ဒီအဖွဲ့အစည်းကို ငှားရမ်းအသုံးပြုနိုင်တဲ့ လူပုဂ္ဂိုလ်ဆိုတာက ရာထူးအာဏာနဲ့အင်အားကြီးမားတဲ့သူမှန်း ချက်ချင်းသိနိုင်တာပေါ့။ များသောအားဖြင့် သူတို့ဆောင်ရွက်ပေးနေရသည်မှာလည်း ယာကူဇာဂိုဏ်းချုပ်အဖွဲ့အစည်းအတွက်ပင်ဖြစ်သည်။

သူတို့အဖွဲ့အစည်းက ငယ်စဉ်ကတည်းက ပုံစံခွက်ချပေးပြီး ကလေးအရွယ်လေးတွေကို သေချာလေ့ကျင့်ပျိုးထောင်ပေးခဲ့တယ်။ Kenganကလုပ်ကြံသူတွေဆိုတာ အားလုံးအံ့အားသင့်ရလောက်အောင်ကျွမ်းကျင်တဲ့သူတွေ၊ခံစားချက်ကင်းမဲ့တဲ့ အကောင်းဆုံး လူသတ်စက်တွေပါပဲ။ နောက်ထူးခြားတာက အဲ့ဒီ Assassinတွေအားလုံးမှာ မိန်းကလေးတွေသာဖြစ်သည်။

Kenganမိသားစုတွေထဲက လက်ရှိဥက္ကဌတာဝန်ကိုယူထားသူက ဟွန်ဂျိုမိသားစုရဲ့ သွေးဆက်ဖြစ်တဲ့သူ ဘယ်လောက်အထိ ရက်စက်လွန်းတတ်သူလည်းဆိုလျှင် ကိုယ့်ရဲ့ဆက်ခံသူအဖြစ်ရွေးချယ်ကာ ပြုစုပျိုးထောင်ပေးခဲ့တဲ့ မွေးစားသမီးကိုပင်  ပြတ်သားလွန်းစွာ သေမိန့်ပေးခဲ့တဲ့သူ အင်မတန်လည်း ထက်မြက်လွန်းတဲ့ ဟွန်ဂျို ရီကာ..(Honjo Rika)ဆိုတဲ့ အသက်၄၄နှစ်အရွယ် မိန်းမတယောက်ပါပဲ

Love Then LoveWhere stories live. Discover now