Chapter (20)Uni

109 6 0
                                    

သူတို့လုပ်နေတဲ့ လုပ်ငန်းစဥ်တွေတခုပြီး တခုအောင်မြင်နေတော့ တာကီရို..ကျေနပ်နေသလို နောက်ဆက်လုပ်ရမယ့်အရာတွေအတွက်လည်း ယုံကြည်မှုတွေမြင့်မားလာတာလည်း အမှန်ပင်။ အခုလိုအစီအစဥ်ကိုအရင်ကတည်းက သူလုပ်ချင်နေတာပါ။

ဒါပေမယ့် ဆုံးရှုံးမှုတွေကများနိုင်တယ်လေ၊ အခုတော့ သူကသေဆုံးပြီးသားလူလိုဆိုတော့ လုပ်ရကိုင်ရတာအဆင်ပြေလွန်းလှတယ်။ ဘယ်သူ့မှကိုယ့်အပေါ်သံသယမရှိတော့ ကိုယ့်ဘက်ဆုံးရှုံးစရာလည်းမရှိတော့ဘူးပေါ့။ ကြံဖန်ပြီး လုပ်ကြံခံရတာကိုပင် ကျေးဇူးတင်ရမယ့်ပုံပါ။

ကိုယ့်အတွေးတွေနဲ့ကျေနပ်အားရနေကာ စဥ်းစားခန်းဝင်နေတုန်း အခန်းထဲကို အဲရစ်ကာ..ဝင်လာတာတွေ့တော့....

"အဲရစ်ကာ..ပါလား ထိုင်ပါဦး အခြေအနေတွေကတော့ အားလုံးကောင်းနေတယ်နော်"

"ဒါက ကြိုတင်စီစဉ်ထားတဲ့အကျိုးရဲ့ ရ
လာဒ်တွေပါ"

"ဒါပေါ့ တို့ဝင်လာတဲ့အနေအထားက သူတို့မထင်မှတ်ထားတဲ့နေရာကဆိုတော့ တော်တော်များများကတော့ စိုးရိမ်နေကြမယ်လို့ထင်တယ်"

"မကြာခင် သူတို့ကြား တဖွဲ့နဲ့တဖွဲ့သံသယတွေဝင် ထင်ရာကိုလက်ညိုးထိုးလာကြလိမ့်မယ်"

"Hahaha ဒါ ငါတို့အတွက်ကောင်းတာပဲမလား စစ်ပွဲသာဖြစ်ရင် အကုန်အင်အားနည်းကုန်မှာပဲ အဲ့ဒီအခါကျ..."

"အဲ့ဒီအခါကျ ကျမတို့ရှုံးနိမ့်ရလိမ့်မယ် တာကီရို.."

"Hmm ဘယ်လို အဲရစ်ကာ.. အဲ့ဒီအချိန် ငါတို့ငြိမ်နေလိုက်ရင်အကုန်အဆင်ပြေနိုင်တာမဟုတ်ဘူးလား"

"လုပ်ငန်းကြီးတခုလုပ်တော့မယ်ဆို အနိုင်ရဖို့တွက်ချက်ရသလို ရှုံးနိမ့်နိုင်တာကိုလည်းတွက်ချက်ရတယ် ဒါမှ လုပ်သင့်တာ မလုပ်
သင့်တာ ဆောင်နိုင် ရှောင်နိုင်မယ်မလား"

"ဒါဆို စစ်ပွဲဖြစ်လာမှာက ဘာကြောင့် ငါတို့ရှံးနိမ့်တာဖြစ်စေရတာလဲ အဲရစ်ကာ.."

"စစ်ပွဲအသွင်ဖြစ်လာမယ်ဆို ယာကူဇာပင်မဂိုဏ်းက သူတို့အကျိုးစီးပွားအတွက်ပါလာမှာမလား တတ်နိုင်သလောက် သူ့အနွယ်တွေကိုကာကွယ်မှာပဲ ဒါဆို ရှင်ဝင်ဖို့ခက်သွား
လိမ့်မယ်"

Love Then LoveWhere stories live. Discover now