Chapter (11)Uni

131 11 0
                                    

ဟွန်ဂျိုမျိုးနွယ် မိသားစုက Kenganရဲ့ လက်ရှိဦးဆောင်နေတဲ့ မိသားစုအိမ်တော်ဖြစ်သည်။ခြံဝန်းကြီးမှာ ကြီးမားကျယ်ပြန့်သလို အဆောင်တော်တွေမှာလည်း အများအပြားပင်ဆောက်လုပ်ထားသောအိမ်တော်ကြီးပေါ့။ဒါပေမယ့် အဲ့ဒီအိမ်တော်ကြီးမှာရှိတဲ့ ပန်းခြံတခုကတော့ မည်သူတဦးတယောက်မှ ဘာအကြောင်းကြောင့်အတွက်မှ ဝင်ခွင့်မရှိသည့် အရှင်သခင်မ ရီကာ..ရဲ့ တဦးတည်းပိုင်စိုးထားတဲ့ နေရာလေးတခုပေါ့။

ယခုလည်း အဲ့ဒီပန်းခြံလေးထဲသို့ ရီကာ..တယောက်တည်းရောက်လို့နေတယ်။
ရီကာ..က သူမရဲ့ ရှေ့တည့်တည့်က ကျောက်တိုင်ပြားလေးကို စိုက်ကြည့်နေရင်းမှာပဲ သူမရဲ့မျက်နာက လွမ်းဆွေးသတိရခြင်း၊ ပူဆွေးဝမ်းနည်းခြင်းစတဲ့ ခံစားချက်တေွကဖုံးမရနိုင်အောင်ပေါ်လွင်နေလေတယ်။ ကျောက်တိုင်ပြားလေးရဲ့အပေါ်မယ် နာမည်တခုကိုထွင်းထားတယ်။

"ဟွန်ဂျို ယူရီနို"

အဲ့ဒီကျောက်တိုင်ပြားလေးဆိုတာက ဟွန်ဂျို ယူရီနိုလို့အမည်ရတဲ့ နာမည်နဲ့လူတယောက်ရဲ့အရိုးပြာအိုးလေးကို မြုပ်နှံထားတဲ့ အမှတ်တရကျောက်တိုင်ပြားလေးပါပဲ။

ဒီရက်ပိုင်း ယူရီ..နဲ့ပတ်သက်ပြီး ဆာကီနာ..နဲ့ စကားတွေအများကြီးပြောရသလို သဘောထားကွဲလွဲမှုတွေလည်းရှိခဲ့တယ်လေ။ ဟွန်ဂျို ရီကာ..နဲ့ ဟိုရာရူ ဆာကီနာ..တို့က ညီအမတဝမ်းကွဲတွေပေါ့။ ဆာကီနာ့..အဖေက ရီကာ့..အဖေရဲ့ညီအရင်းKenganဒုတိယခေါင်းဆောင်တာဝန်ထမ်းဆောင်ခဲ့သူပါ။ဒီတော့ သူမတို့နှစ်ယောက်ရဲ့ ညီအမလိုချစ်ခင်မှုက အရမ်းခိုင်မာသလို ဆာကီနာ..က ရီကာ..အတွက်အရေးပါတဲ့သူလို့ဆိုနိုင်ပါတယ်။

ဒါပေမယ့် ဆာကီနာ့..အပြင် ရီကာ့..အတွက် အရမ်းအရေးပါခဲ့သူတဦးရှိခဲ့ဖူးပါတယ်။ ဆာကီနာ..တင်မကပါဘူး ကုန်ကုန်ပြောရရင် အရာအားလုံးထက်ကိုပိုအရေးပါခဲ့တဲ့သူပါ။ "ဟွန်ဂျို ယူရီနို"ဆိုသည့်မိန်းမ၊ဒီမိန်းမကို ရီကာ..ခါးသီးစွာပင် မုန်းတီးခဲ့ရတယ်၊ဒီမိန်းမက ရီကာ့..ကို အသည်းနာစေလောက်အောင် ခံစားစေခဲ့သည်။ ဒါပေမယ့် ဒီယူရီနို..ဆိုတဲ့မိန်းမကို ရီကာ..အသည်းနှင့်အောင်ပင်ချစ်ခဲ့ရပါတယ်။

Love Then LoveWhere stories live. Discover now