Chapter 13)Uni

141 9 0
                                    

"အခု သူ့သူငယ်ချင်းကိုတော့ ဖုန်းဆက်ပြောလိုက်ပါပြီ ခနနေရင်ရောက်လာလိမ့်မယ်"

"အင်း မာရု.."

"မယ်ရီ..လေး အရမ်းလန့်သွားတာမျိုးထင်တယ် အင်းလေ ကြုံရတာကလည်း အတော်ဆိုးဆိုးပဲမလား"

"သူ့လိုမိန်းခလေးက တယောက်တည်း Busနဲ့ကျောင်းတက် ကျောင်းဆင်းလုပ်တာကိုက မှားတာလေ"

"Aww..ယူရီ..ရယ် သူကတခြားနိုင်ငံကလာရတဲ့သူလေ မြန်မာလေ ယူရီ..အရင်နေခဲ့ဖူးတဲ့နိုင်ငံကလေ"

"အင်းသိပါတယ် အဲ..ဒါနဲ့မာရု..ကို တခုပြောထားချင်တယ်"

"ဘာများလည်း ယူရီ.."

"ယူရီ..အဲ့မယ်နေခဲ့ဖူးတာနဲ့ အဲ့စကားတတ်တာ သူကို့မပြောပြပါနဲ့နော်"

"မာရု..ယူရီနဲ့ပတ်သတ်ရင် အမြဲဂရုစိုက်ပါတယ် စိတ်ချပါ ယူရီ..နေဦးမယ်မလား မာရုဆိုင်က...."

"သွားပါ..ယူရီ..စောင့်ပေးနေလိုက်ပါမယ်"

အခန်းထဲကနေ မာရု..ထွက်သွားတော့ မယ်ရီ့..အနားတိုးကပ်ကာ မျက်နာလေးကို ယူရီ..ကြည့်နေမိသည်။ မျက်လုံးဝိုင်းလေးတွေနဲ့ ဒီကောင်မလေးက အခုလိုမေ့မျောနေချိန် မျက်လုံးလေးတွေမှိတ်ထားပေမယ့် ထိရက်စရာမရှိအောင် လှနိုင်လွန်းတယ်။

နှုတ်ခမ်းလေးက ရဲစွေးဖူးအာနေလိုက်တာကအသည်းယားစရာကောင်းတယ်။ သေချာလေးကိုစိုက်ကြည့်မိနေရင်း ယူရီ..စိတ်တွေမရိုးမရွဖြစ်လာခဲ့တယ်။ ဒီနောက် ယူရီ..နှုတ်ခမ်းလေးက မယ်ရီ..နှုတ်ခမ်းဖူးဖူးလေးနား နီးကပ်သထပ်နီးကပ်လာပြီး ထိလုဆဲဆဲမှာပဲ ယူရီ..အမြန်ခေါင်းကိုပြန်မော့လိုက်ရတယ်။

[ယူရီ..နင်ဘာဖြစ်တာလည်း ဒီကောင်မလေးကျမှ နင့်စိတ်တွေယိုင်နဲ့နေတာလား မဖြစ်
သင့်ဘူး ငါ..ငါ ဘာလုပ်ဖို့ကြိုးစားမိလိုက်တာလည်း ကာဇူအို ယူရီ..နင့်စိတ်တွေကိုထိန်းရမယ် ခံစားချက်ဆိုတာမျိုးတွေကို တိုက်ထုတ်ပစ်ရမယ် နင်ကဘာလဲ သေချာပြန်တွေး..ဟားးးးး ငါဘာဖြစ်သွားရတာလဲ]

ယူရီ..လည်း ကိုယ်ကိုယ့်ကို ဘာကြောင့်အခုလိုလုပ်ဖို့ကြိုးစားမိတာလည်းကို နားမလည်နိုင်ဖြစ်နေရတယ်။ အဲ့အချိန်မယ် မယ်ရီ..သတိရလာခဲ့တယ် ရုတ်တရက်လှဲနေရာမှ ငုတ်တုတ်ထလာပြီး ဘေးဘီကို ဘယ်ညာပြန်ကြည့်တယ်။ သူမရောက်နေတဲ့အခန်းကို မယ်ရီ..မသိဘူးလေ ဒါပေမယ့် ယူရီ..ကိုမြင်တော့ အံဩသွားတယ်။

Love Then LoveWhere stories live. Discover now