ညက ၂နာရီထိုးပြီးနေပေမယ့် ကိုင်ဒီ..တယောက် သူမရဲ့Laptopဖန်သားပြင်ထက်ကပုံတပုံကို အထပ်ထပ်အခါခါကြည့်နေရင်းမှ ခေါင်းထဲ၌တွေးတောသင့်တာတွေကိုတွေးပြီး ပြန်လည်သုံးသပ်ကြည့်နေလေတယ်။ကိုင်ဒီ..အခုအချိန်မယ် အဓိကထားပြီးလိုက်နေတာကတော့ တခြားသူမဟုတ်ပါဘူး၊ ယူရီ့..ကိုပါပဲ။
ဒါပေမယ့် နောက်ထပ် ယူရီနဲ့ဆက်နွယ်နေတဲ့သတင်းကလိုက်ရခက်နေတယ်၊ ရှာဖို့ခက်နေတယ်လို့တောင်ပြောနိုင်ပါတယ်။ဒီတော့ ကိုင်ဒီ..လည်း အရင်ဆုံးဂိုဏ်းအဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီးဖြစ်ခဲ့တဲ့ အမှုတော်တော်များများကိုချဲ့ပြီးရှာဖို့ဆုံးဖြတ်လိုက်တယ်လေ။
ဒီမယ်မှ ကံကောင်းမှုလို့ပဲပြောရမလား၊အကြောင်းအကျိုးသင့်လာချိန်တန်၍ပဲလားမသိ၊လွန်ခဲ့တဲ့ ၆နှစ်ခန့်က ဂိုဏ်းအဖွဲ့အစည်းတခုလုပ်ကြံခံရတဲ့အမှုအခင်းတခုကိုသွားတွေ့တယ်။အဲ့ဒီအမှုအခင်းဖြစ်ရာနေရာအနီးရှိ CCTVကရတဲ့ပုံတပုံထဲမယ် မျက်နာဖုံးဝတ်လူတယောက်နဲ့အတူ သူမ မြင်ဖူးနေတဲ့မိန်းမတယောက်ကို ကိုင်ဒီ..မထင်မှတ်ပဲတွေ့လိုက်ရတယ်။
အဲ့ဒီမိန်းမက....
"မာရုကီ"
ဒီနာမည်ကိုပါးစပ်ကနေတိုးတိုးလေး ကိုင်ဒီ..ရေရွတ်လိုက်တယ်။ဒီမာရုကီ..ဆိုတဲ့မိန်းမက ကိုင်ဒီမြင်ဖူးသလောက် မယ်ရီ..ပြီးရင် ယူရီ..အခင်မင်ဆုံးမိတ်ဆွေလိုဆက်ဆံသူပင်။ပုံထဲကမာရုကီ..ရဲ့ပုံစံက အခုမာရုကီ..ရဲ့ပုံစံနဲ့ကွဲလွဲနေသလို အဲ့ဒီပုံထဲမယ် သူမကကိစ္စကြီးတခုကိုလတ်တလောကြုံခဲ့ရတဲ့သူတယောက်ရဲ့မျက်နာနဲ့ကိုယ်ဟန်အမူအယာမျိုး
ဖြစ်နေတာကို စုံထောက်တယောက်ရဲ့သိစိတ်အမြင်အရ ကိုင်ဒီ..တပ်အပ်ပင်ပြောလို့ရတယ်။ဒါနဲ့ ယူရီ့..နောက်ကြောင်းကိုလိုက်ဖို့ခက်နေ
မယ့်အတူတူ ယူရီ..ထူးထူးခြားခြားခင်မင်ပါတယ်ဆိုတဲ့ မာရုကီ..ရဲ့နောက်ကြောင်းကိုလိုက်ဖို့ကိုင်ဒီ..ဆုံးဖြတ်ကာ စုံစမ်းခဲ့တယ်။မာရုကီ..ကသာမာန်လူလတ်ပိုင်းခြားစားသောက်ဆိုင်ပိုင်ရှင်မိန်းမတယောက်၊ ထူးခြားတာမျိုးမရှိသလို သံသယဝင်စရာမရှိတဲ့သူ၊ဒါပေမယ့် သူမရဲ့အကြောင်းကိုလိုက်တော့မှ ဒီမိန်းမရဲ့နောက်ကြောင်းကထင်ထားသလိုမရိုးရှင်းတာကို ကိုင်ဒီ..သိလိုက်ရတော့တယ်။
YOU ARE READING
Love Then Love
Romanceမီးနဲ့ရေလို ဘယ်လိုမှမအပ်စက်နိုင်တဲ့ ဆန့်ကျင်ဖက် ရှင်သန်မှုမျိုးနဲ့ဖြစ်တည်နေကြတဲ့ ဘဝနှစ်ခု..... အဲ့ဒီဘဝနှစ်ခုကို မိန်းကလေးနှစ်ယောက်က အချစ်တခုအတွက်နဲ့ပေါင်းစပ်ဖို့ ကြိုးစားကြရာဝယ်..... သူတို့နှစ်ယောက်အနေနဲ့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ရင်ဆို...