"အဲရစ်ကာ.."
"Aww..ဟီကာမီ..ပါလား ဘာကိစ္စရှိလို့လဲ"
"အထွေအထူးမဟုတ်ပါဘူး ဒါနဲ့ ယူရီ..တယောက် ဒီမယ်ကိုမနေတော့သလိုပဲနော်"
"ယူရီ ဟော်ကိုင်းဒိုး(Hokkaido)ဘက်ရောက်နေတယ်လေ ဘာဖြစ်လို့လဲ"
"အရင်နင်နဲ့အနေများတယ်လေ ခုတလောအနားမယ်မတွေ့တော့ စကားများထားကြသလားလို့ပါ"
"ခစ်ခစ် ယူရီဲ..နဲ့အဲရစ်ကာ..က စကားများ
မယ့်သူတွေလား ဟီကာမီ..ရယ် ဟီကာမီ..နဲ့သာအမြဲ တွေ့တာနဲ့ဖြစ်ကြပြီလေ""ယူရီ..က သူစိမ်းဆန်တာကြောင့်ပါ ငါက သူ့ကိုလိုက်ပြိုင်တာမှန်တယ် ဒါပေမယ့် ငါတို့က တဖွဲ့တည်းကဆိုတဲ့စိတ်မျိုးငါကထားတယ် သူကတော့ အဲ့လိုမျိုးမရှိဘူးလေ"
"ဒါက ဟီကာမီ..ထင်လို့ပါ နောက်ပြီး ယူရီ..က အဲ့လိုပုံစံလေ ဟီကာမီ..ရဲ့ ဒါနဲ့ ဟိုဟာလေးကော မတွေ့ပါလား"
"နာနာ..လား သူအပြင်သွားတယ်လေ"
"အရမ်းအကြိုက်တွေ့နေတယ်ထင်တယ် ဟီကာမီ..ခစ်ခစ်"
"Ha ha ha"
စကားအနည်းငယ်ပြောကြပြီးနောက် ကိုယ့်နေရာအသီးသီးဆီပြန်လာကြလိုက်တယ်။ အခန်းထဲရောက်မှပဲ အဲရစ်ကာ..စိတ်ထဲ ယူရီ့..ကိုဒေါသထွက်နေရတယ်။ ပြီးခဲ့တဲ့တလက Missionပြီးကတည်းက မတွေ့ရတော့တာမလား အပြင်အတူသွားမယ် ကတိပေးပြီး အခုထိစကားမစလာသေးတဲ့အပေါ်လည်း မကျေနပ်နိုင်ပါဘူး။
ဒါနဲ့ နာနာကို..ဆိုတဲ့ ကောင်မလေးအကြောင်းကိုတွေးမိတယ်။ ပြီးခဲ့တဲ့ တာကီရို..ကိုလုပ်ကြံတဲ့ကိစ္စမယ် ဒီကောင်မလေးရဲ့အရည်အချင်းကိုမြင်တွေ့လိုက်ရတော့ မခေဘူးဆိုတာ အဲရစ်ကာတွေ့မြင်ခဲ့ရသည်လေ။ သူတွဲနေတာက ဟီကာမီ..နဲ့ဆိုတော့ တချိန်အသုံးဝင်လာနိုင်တယ်လို့လည်း တွေးမိတယ်။
အဲ့ဒီMissionမယ် ယူရီ..ရဲ့တကိုယ်တော်အစွမ်းကလည်း မားမားကြီးအရမ်းသဘောကျတဲ့အထိပါ။ နောက်ပြီး အဖွဲ့လိုက်ရှင်းရင်မြန်တဲ့နေရာမယ် ယူရီ..တယောက်တည်းကိုဘာလို့ အဲ့လိုလုပ်ခိုင်းရတာလည်းဆိုတာကိုတော့ အဲရစ်ကာ.. တကယ်ကိုနားမလည်ပါ။
YOU ARE READING
Love Then Love
Romanceမီးနဲ့ရေလို ဘယ်လိုမှမအပ်စက်နိုင်တဲ့ ဆန့်ကျင်ဖက် ရှင်သန်မှုမျိုးနဲ့ဖြစ်တည်နေကြတဲ့ ဘဝနှစ်ခု..... အဲ့ဒီဘဝနှစ်ခုကို မိန်းကလေးနှစ်ယောက်က အချစ်တခုအတွက်နဲ့ပေါင်းစပ်ဖို့ ကြိုးစားကြရာဝယ်..... သူတို့နှစ်ယောက်အနေနဲ့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ရင်ဆို...