Chapter (31)Uni

1.2K 28 8
                                    

ယူရီ..ဒေါသတကြီး ဒိုဇမ်စံအိမ်တော်ကြီးဆီရောက်ချလာတယ်။ပြီးတော့ တွေ့တဲ့သူတိုင်းကို အဲရစ်ကာ..ဘယ်မှာလည်းဆိုတဲ့မေးခွန်းကိုလိုက်မေးနေပေမယ့် ဘယ်သူ့ဆီကမှ အဖြေကိုမရတဲ့အတွက် သူမရဲ့စိတ်တွေက ပေါက်ကွဲချင်လာတော့တယ်။

(ပြီးခဲ့တဲနာရီပိုင်းလောက်က)

ယူရီ..ဒီရက်ပိုင်း မအားလပ်နိုင်လောက်အောင်ပင် ဒီဘက်ကိစ္စတွေကရှုပ်နေတာကြောင့် မယ်ရီ..နဲ့ဆုံဖို့အချိန်ကိုမရှိဘူးဖြစ်နေရတယ်။လူတွေကချစ်မိပြီဆိုရင် တမျိုးမဟုတ်တမျိုး တနည်းမဟုတ်တနည်းနည်းနဲ့ ရူးသွပ်သွားတတ်ကြတယ်တဲ့၊ဒီစကားမှန်တယ်ဆိုတာကို ယူရီ..လက်တွေ့ခံစားသိရှိနေရပြီလေ။

မယ်ရီ..နဲ့တွေ့ခွင့်မရတဲ့ရက်တွေ မယ်ရီ့..စကားသံရွှင်ရွှင်လေးတွေမကြားရတဲ့အချိန်တွေက ယူရီ့..ကို ရူးမတတ်ဖြစ်စေနိုင်လောက်တဲ့အထိပင် နေရထိုင်ရတာက လုံးဝအဆင်မပြေ​ေစပါဘူး။ သူအဲ့ဒီလောက်ထိကို မယ်ရီ့..အပေါ်စွဲလန်းသွားရတယ်၊မယ်ရီ့..အနားမှာပဲ အမြဲရှိနေချင်တဲ့စိတ်ကထိန်းချုပ်ရတာ တော်တော်ကိုခက်ခဲလွန်းတယ်။

ဒီနေ့လည်း တကယ်တမ်း အားလပ်တဲ့နေ့မျိုးတော့မဟုတ်ပါဘူး။ဒါပေမယ့် မယ်ရီ..နဲ့အရမ်းတွေ့ချင်​ေနတာကြောင့် နေ့လည်စာလေးလောက်တော့ ဆုံပြီးအတူစားမယ်ဆုံးဖြတ်ကာ ကြိုတောင်အသိမပေးပဲ မယ်ရီ့..တိုက်ခန်းလေးဆီလာခဲ့လိုက်တယ်။

တိုက်ခန်းကိုရောက်တော့ အခန်းတံခါးlock
ပွင့်နေတာကြောင့် အထဲမယ် မယ်ရီ..ရှိနေတာကိုသိလို့ ဖွင်ပြီးဝင်သွားလိုက်တယ်။မယ်ရီ..က အခန်းတွင်းဆိုဖာခုံရှည်လေးပေါ်ထိုင်နေတာကိုတွေ့လိုက်ပါတယ်။

မယ်ရီ..ကလည်း သူဝင်လာတာကိုရုတ်တရက်တွေ့လိုက်ရတော့ ဝမ်းသာသွားတဲ့မျက်နာလေးကို ယူရီ..မြင်တွေ့လိုက်ရပေမယ့် သူမြင်နေကျ မယ်ရီ့..မျက်နာလေးက အရင်ကနဲ့မတူတာကိုလည်း ယူရီ..ခံစားမိလိုက်တယ်။

အရင်ဆုံး မယ်ရီ့..နားလေးသွားထိုင်လိုက်ကာ ကိုယ်လုံးလေးကိုဖက်ပစ်ပြီးမှ.....

"ဟူးးးး လွမ်းနေရတာမယ်ရီ..ရဲ့သိလား"

"အင်း"

Love Then LoveWhere stories live. Discover now