Chapter (10)Uni

140 8 0
                                    

တာကီရို..လည်း အခန်းပတ်ပတ်လည်ကို
ကြည့်ရင်း ခေါင်းထဲမယ်အတွေးတွေကများနေတယ်။ အဲ့ဒီတယောက် ဘာလို့ အခုလိုလုပ်နေတာလဲဆိုတာကိုနားမလည်နိုင်သေးပါဘူး။ ကိုယ်အခုထိအသက်ရှင်နေတုန်းပဲဆိုတာကိုလည်း မယုံနိုင်ဖြစ်နေရတဲ့ ရူးနမ်းတဲ့အတွေးမျိုးကို တာကီရို..တွေးမိနေရပါတယ်။

(Flash back)

"မင်း....မင်း...."

ဒီမျက်နာဖုံး ဒီအသွင်အပြင်က တာကီရို..ကိုသွေးပျက်သွားလောက်အောင်ကြောက်လန့်စေတယ်။ ကိုယ်ကို အခုလိုအခြေအနေရောက်စေခဲ့တာ ဒီအရာတွေကပဲမလား။ ဒီမယ် မီယိုကိုတို..က နာကျင်နေတဲ့အသံနဲ့....

"ဘာလဲ..Kenganက ဒီလိုသစ္စာဖောက်ပြီး အလုပ်ရှင်ကိုပြန်တိုက်ခိုက်တဲ့လုပ်ရပ်မျိုးလုပ်လာတာလား"

မီယိုကိုတို..ဆီက ဒီစကားကိုကြားရတော့ တာကီရို..နားမလည်နိုင်ဘူးဖြစ်သွားရတယ်။ ဒါဆို မီယိုကိုတို..သူ့ကိုလုပ်ကြံဖို့ငှားတာ ငွေကြေးမြင့်မားစွာအသုံးပြုရုံနဲ့ငှားရမ်းလို့မရတဲ့ Kenganအဖွဲ့ကိုပေါ့။ ဒီလိုဆိုရင် အဲ့မျက်နှာဖုံးဝတ်နဲ့သူက Kenganရဲ့နာမည်ကျော်လုပ်ကြံသူ မိန်းကလေးတယောက်ပေါ့ ။

ဒီလို တာကီရို..တွေးနေတုန်းမယ် မျက်နာဖုံးဝတ်နဲ့သူက မီယိုကိုတို..ရဲ့ခြေထောက်တွေကို လက်နက်ပုန်းတွေနဲ့ပစ်လိုက်တော့ နာကျင်စွာအော်ဟစ်ပြီး မီယိုကိုတို..ဒူးထောက်ကျသွားတယ် ပြီးမှ....

"ဒါက Kenganနဲ့မဆိုင်ပါဘူး ရှင်အလုပ်ငှားတယ် အဆင်ပြေသွားတယ် ဒီတော့ ရှင်နဲ့Kenganကြားထဲက ကိစ္စပြီးမြောက်သွားခဲ့ပြီလေ"

"ဒါဆို အခုလုပ်ရပ်ကဘာလဲကွ ငါဘယ်သူဆိုတာ မင်းမသိဘူးလား"

"အခု ကျမလာတာက Kenganနဲ့မသက်ဆိုင်တဲ့ ပုဂ္ဂိုလ်ရေးကိစ္စအရပါ"

"ပုဂ္ဂိုလ်ရေး..hahaha! Kenganရဲ့ လုပ်ကြံသူတယောက်က ပုဂ္ဂိုလ်ရေးကိစ္စဆိုပါလား မင်းတို့လို နယ်ရုပ်ကလေးတွေ အသုံးချခံလေးတွေမယ် ပုဂ္ဂိုလ်ရေးဆိုတာရှိလို့လား Hahahah"

"ရှင်ပြောတာမှန်တယ် ကျမတို့အတွက် အဲ့ဒီလိုအခွင့်အရေးမရှိဘူး ကျမလာတာကလည်း အဲ့ဒီလိုအခွင့်အရေးတွေအတွက်မဟုတ်ဘူး ကျမလာတာက မကြာခင်သေရမယ့် လူတယောက်အတွက် သိဖို့မလိုတာမျိုးပါ"

Love Then LoveWhere stories live. Discover now